"အပေါ်မလိုက်ခဲ့နဲ့တော့...အဝတ်သုံးလေးထည်သွားယူပြီးပြန်ဆင်းခဲ့မယ်""ဟာ့...လိုက်မှာပဲ"
"ဘာလုပ်မှာလဲ...မလိုက်နဲ့...နေခဲ့..."
"ဟင့်အင်း...လိုက်မှာပဲ"
ဆွဲထားပြီးကြိုးတုပ်ထားခဲ့ရအောင်လဲကလေးလေးမဟုတ်ပါ။
လှေကားကနေတက်လိုက်လာခဲ့တော့လည်းမတတ်နိုင်ပါဘဲ...အိမ်ပေါက်ဝကိုရောက်နေခဲ့ပြီ။ဘာလိုက်လုပ်မှာလဲ...ကျွတ်စ်...ငရှုပ်လေး...
ခုနကကိစ္စကြောင့်...သူလှိုင်းထန်နေရဆဲမို့...အိမ်ထဲကိုမခေါ်ချင်။အိမ်ထဲစပြီးဝင်ကတည်းက စည်း'ကသတိကြီးကြီးထားပြီး...နေပင်လယ့်ကိုအရင်ဝင်စေသည်။
ပြီးမှသူက အေးဆေးဖိနပ်ချွတ်ကာဝင်၏။
ဒါတောင်မှ...ငနဲကဖိနပ်ချွတ်ပြီးတော့သူ့ဘာသာမဝင်ဘူး...🧐🧐🧐
စောင့်သလိုလေးနဲ့ဖိနပ်ချွတ်မှာဆင်မ,ယဉ်သာလုပ်နေသေးတာ...ကြည့်နေတဲ့အကြည့်ကိုက တခုခုကြံစည်နေသလိုနဲ့...သူ့စိတ်ထင်တာလားတော့မသိပေ။
အထဲဝင်လာတော့လည်းအနားမှာကပ်နေပြန်သည်။ပင်လယ်ကစိတ်မထင်ရင်မထင်သလိုလုပ်တတ်တာကြောင့်...သတိတရှိနဲ့...
မျက်လုံးထောင့်ကနေခိုးခိုးပြီးကြည့်နေရသည်။
ဒီကောင်လေးဘာအကြံနဲ့သူ့နောက်ကပ်လိုက်လာသလဲ။ခုနကကားထဲမှာဖြစ်တဲ့ကိစ္စကသွေးမအေးနိုင်သေးတာကြောင့်ပိုဆိုးပြီးစည်း'တစ်ယောက်ရင်မအေးနိုင်ပေ။
အလိုက်မသိဘဲ သူ့အနားမှာ ပင်လယ်ကကပ်နေတော့...တကယ်လို့များ...တကယ်လို့များ...တခုခုဖြစ်သွားပြီး...
သူစိတ်မထိန်းနိုင်တော့ရင်ခက်ချေမည်။
😝😝😝သူ့အမေဆီလိုက်ပို့ရဦးမှာမို့လို့...အခုကနေကားမောင်းသွားရင်ခြောက်နာရီဝန်းကျင်တော့ကြာမည်ပဲ။
နာရီကိုကြည့်တော့ နေ့လည်တစ်နာရီထိုးတော့မည်။
ကားကိုအမြန်မောင်းရင်တောင်မှညနေခြောက်နာရီလောက်မှရောက်မည်မို့ မြန်မြန်လုပ်ရမည်။နာရီတကြည့်ကြည့်နဲ့စည်းကနက်ခ်တိုင်တွေဆွဲချွတ်ပြီးတော့...အိမ်နောက်ဝင်ပြီးရေခဲသေတ္တာဖွင့်သည်။
နေပင်လယ်ကလည်းသူ့နောက်ကနေမယောင်မလည်လေးလိုက်နေကာ...အကဲခတ်၏။
YOU ARE READING
ပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင်
FanfictionUnicode avaliable at the end. YiZhan Fanfic Bromance ထက်တော့နဲနဲပိုမယ်...သိပ်တော့ မ ro ဘူး... Boys Love ပေမယ့်ခပ်ကြမ်းကြမ်းတွေမထည့်ရေးထားဘူး....(အဲဒီအတွက်အရမ်း ship ချင်တဲ့သူတစ်ချို့ကိုတောင်းပန်ပါတယ်) မူရင်းဝတ္ထုကခေတ်ဟောင်းဝတ္ထုဖြစ်နေပြီး...ဘာသာပြန်တဲ...