(37)

279 14 3
                                    


လမင်းအစင်းတရာသာသောအခါ

'ဦးနောင်နောင်...ကျွန်တော်တစ်ခုတိုင်ပင်ချင်လို့...'

တနေ့ညကသူ့အနာဂတ်အကြောင်းကိုစဉ်းစားဖို့ အားလုံးကဝိုင်းဆော်သြခဲ့တော့ ပင်လယ်က ရှေ့ဆက်ရမယ့်လမ်းကိုသေချာစဉ်းစားခဲ့တဲ့ပုံ။

'အင်း...စဉ်းစားလို့ရပြီလား'

'ကျွန်တော် အမေ့ဆီတော့လိုက်မသွားချင်ပေမယ့် လုပ်ချင်တာတော့ရှိပြီထင်တယ်'

'သတင်းကောင်းပဲ...ဝမ်းသာတယ်'

ဦးနောင်နောင့်မျက်နှာမှာအပြုံးအေးအေးလေးတွေဖြတ်ပြေးသွားတာကိုမြင်မှ ပင်လယ် စကားကိုဆက်ပြောသည်။

'ဒီတည်းခိုဆောင်ကိုနားပစ်လိုက်ရင်...ဦးနောင်နောင်ကအဆောက်အဦကိုချက်ချင်းဖျက်ပစ်မှာလား'

'မဖျက်သေးပါဘူး...မင်း ဒီအတိုင်းနေလို့ရသေးတယ်...ဘာလို့လဲ...'

နေဖို့နေရာမရှိတော့မှာကိုဒီကောင်လေးစိတ်ပူနေတာထင်ပြီး ဦးနောင်နောင်က စိတ်ပူစရာမလိုကြောင်းပြောသည်။

'အဲဒါ...ဒီအဆောက်အဦကိုငှားပေးဖို့အတွက်စဉ်းစားပေးပါလား...'

'ဟင်...မင်းကဘာလုပ်မှာလဲ'

'ကျွန်တော်ဒီနေရာလေးကိုလဲသဘောကျလို့...လုပ်စရာလဲရှာမတွေ့ဘူး...ဒီတည်းခိုဆောင်ကိုဆက်ပြီးလုပ်ရမလားလို့...'

'အဆင်ပြေပေမယ့်....ဖြစ်ပါ့မလား...မင်းတယောက်ထဲဖြစ်နေမှာလေ...'

တကယ်တမ်းကျတော့ လုပ်နေကျဖြစ်တဲ့ဦးနောင်နောင်တို့အတွက်လွယ်ကူပေမယ့် ပင်လယ့်အတွက်ကတော့ ချောမွေ့နိုင်မယ်မသေချာပေ။
ဒါပေမယ့် ပင်လယ်ကတော့ဆုံးဖြတ်ပြီးသားဖြစ်လို့ ကြိုးစားကြည့်ဖို့စိတ်ကူးထားသည်။

'အင်း...ရတယ်...ဒီနွေရာသီတပိတ်မှာတည်းခိုခန်းအကြောင်းတွေကိုတော်တော်နားလည်ပြီး...တီးခေါက်မိသွားပြီဆိုတော့...ဖြစ်မယ်ထင်တာပဲ...
နောက်ပြီး ကျွန်တော် ဒီနေရာလေးမှာနေထိုင်ရတာကိုသဘောကျနေတယ်...'

နဂိုကတည်းကရေကူးချန်ပီယံမို့ ပင်လယ်ကြီးကိုသဘောကျတာမဆန်း။
ပင်လယ်ဘေးမှာနေရတဲ့အရသာကိုလည်း သဘောကျနေပြီမို့ သူ...ဒီအလုပ်လေးကိုဆက်လုပ်ကြည့်ချင်သည်။

ပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင် Where stories live. Discover now