(56)

253 14 1
                                    


မနက်မိုးသောက်လို့မျက်လုံးပွင့်တာနဲ့ ကိုယ်ချစ်ရတဲ့သူကိုမြင်နေရခြင်းဟာ...ဒီလောက်အထိကြည်နူးရသတဲ့လား။
ရည်းစားမရှိခဲ့ဖူးတဲ့ ငယ်ဘဝကိုတောင် နှမျောမိသည်။
ရင်ခုန်တတ်ခြင်းက သူ့အတွက်သိပ်နောက်ကျခဲ့တာပဲ။

လက်ဖဝါးတစ်ဖက်ကိုဆုပ်ကိုင်ပြီး အိပ်ပျော်နေတဲ့ပင်လယ့်ရဲ့ မျက်နှာပြည့်ပြည့်လေးကို ငေးနေရင်း...မြတ်နိုးလို့မဝ။
နေဒဏ်၊ လေဒဏ်တွေကြောင့် မှုန်မှိုင်းနေတတ်တဲ့မျက်နှာနုနုလေးက အခုတော့ ပြန်လည်ဖြူဖွေးလာခဲ့ပြီ။
ညိုညိုပျော့ပျော့ဆံနွယ်ရှည်တို့ဖရိုဖရဲနဲ့ တောက်တောက်ပပ မနက်ခင်းအလင်းရောင်ကြားမှာ ပင်လယ့်ပုံစံက နတ်သားတစ်ပါးလို။
မင်းက ဆုတောင်းကောင်းပေမယ့် ဆုတောင်းမှားခဲ့တဲ့နတ်သားလေးဆိုရင်...
ငါက...ဆုတောင်းမပြည့်ခဲ့တဲ့ တောခုတ်သမားလေးထင်တယ်။

ဘဝမှာယောကျာ်းလေးတစ်ယောက်ကိုချစ်မိသွားလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဖူးဘဲ...
နှလုံးသားကရွေးချယ်ပြီးနေမှ သိလိုက်ရတာ...
အစကတော့တုန်လှုပ်မိခဲ့ပေမယ့် အခုတော့သဘောပေါက်ခဲ့ပြီ။
အချစ်ဆိုတာ ရွေးချယ်ခွင့်မရှိတဲ့အရာဖြစ်သည်။

-----------

"ကိုစည်း...မမဆီဖုန်းဆက်ဦး...နေမကောင်းလို့တဲ့"

အလုပ်ရောက်တာနဲ့ အုပ်စိုးကသူ့ကိုဆီးပြောသည်။

'ဟိုနေ့ကအကောင်းကြီးလေ'

'ကိုစည်းကဂရုမစိုက်မိတာနေမှာ...
မမကနေမကောင်းလို့ ဒီနောက်ပိုင်းအလုပ်လာတာတောင်နောက်ကျတယ်...'

'ဟင်...ငါလဲဘာမှမသိရပါလား'

'မမကဘယ်ပြောမလဲ...
ကိုစည်းအတွက်အရမ်းအလိုက်သိအားနာနေတာ...
အရင်တခါကကိုစည်းအလုပ်ကိုခဏခွင့်ယူပြီးကတည်းကမမကပဲအကုန်လုပ်နေရတာ...
ကိုစည်းရဲ့အလုပ်တွေရော...သူဌေးရဲ့အလုပ်တွေကိုပါလေ့လာနေရတာ...
သူပင်ပန်းမှာပေါ့...တခါတလေကျွန်တော်တောင်ကူမပေးနိုင်တော့...အားနာတယ်'

'ဒီနေ့အလုပ်မလာဘူးတဲ့လား'

'အင်း...ခွင့်နှစ်ရက်တင်ထားတယ်...ကိုစည်း...ဖုန်းလေးဘာလေးဆက်ကြည့်ဦး...အေးစက်စက်နဲ့...'

ပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင် Where stories live. Discover now