(99)

281 16 2
                                    


ဒေါ်ချိုချိုကမပြန်ခင်မှာ...
စည်းရဲ့ဦးလေးကိုပါနှုတ်ဆက်ချင်ကြောင်းပြောလာတော့...
မိသားစုတွေတွေ့ဖို့ဖြစ်လာကြသည်။

"မိုနာ့မိဘတွေကိုပါခေါ်လိုက်ပါလား...စည်း...
ဦးနိုင်လာလို့ရှိရင်မိုနာလည်းရှိနေမှာပဲ...ခေါ်လိုက်ပါ...ညစာစားရအောင်လေ"

"အင်း...ကောင်းသားပဲ...စီးပွားရေးမိတ်ဖြစ်ဆွေဖြစ်ပေါ့..."

"ပင်လယ်...မင်းဒဏ်ရာတွေသက်သာပြီလား...ဘယ်လိုနေသေးလဲအခု..."

ဦးနိုင်ကပင်လယ့်ကို ဂရုတစိုက်နဲ့မေးသည်။
စည်းဆီကအကုန်ကြားထားပြီးသားဆိုပေမယ့် ဒါဟာ လူမှုရေးစည်းကမ်းကောင်းလေးဖြစ်သည်မို့...။

"အကုန်တော့ကောင်းနေပြီဦးနိုင်ရဲ့...ညာဘက်လက်ကနဲနဲနာနေတုန်းပဲ"

"အသက်ကငယ်သေးတော့ အနာကကောင်းမြန်တာကွာ...ဦးနိုင်ဆိုတောင်ဝှေးနဲ့ဖြစ်သွားတာအခုထိပဲခြေကနာတုန်း..."

"ဦးနိုင်လည်း ကျန်းမာရေးကအရင်ထက်ကောင်းတယ်မလား..."

"ကောင်းပါ့ကွာ..."

ဦးနိုင်နဲ့ပင်လယ်ကစကားပြောနေတုန်း မိုနာတို့မိုားစုနဲ့အတူ သူ့မာမီတို့ပါရောက်လာခဲ့သည်...။

"မိုနာ...လာ...ဒီဘက်လာထိုင်...အန်ကယ်တို့ကဒီမှာထိုင်...ပြီးတော့မာမီတို့စုံတွဲကမျက်နှာချင်းဆိုင်မှာထိုင်...စည်းနဲ့ကျွန်တော်ကဟိုမှာထိုင်မယ်"

သူ့သဘောနဲ့သူနေရာတွေချနေတာ...
ပင်လယ်က ဆရာကြီးဒီဇိုင်းလေးနဲ့...။
တကယ်ဆို ဒီလူတွေအားလုံးထဲမှာ သူကအသက်အငယ်ဆုံး။
ဒီနေ့ညအတူတူ ထမင်းစားကြမယ်ဟေ့ဆိုမှ ပင်လယ့်မျက်နှာလေးကိုမြင်ရတာဖြစ်ပြီး တွေ့တော့လဲ လူတကာနဲ့အလုပ်ရှုပ်နေကာ သူ့ကိုတောင်မော်မကြည့်အား။
တနေ့ညတုန်းက တစ်ယောက်ထဲပစ်ထားလိုက်မိတာကို စိတ်ကွက်နေလားမသိ။

သူကလည်း မနက်ကတည်းကတောက်လျှောက်အားလဲမအားတော့ဘာမှမမေးဖြစ်ပေ။
သူစီစဉ်ပေးသလိုလေးထိုင်တော့...စည်းနဲ့နေပင်လယ်ကကပ်လျက်သားလေး။

"ဦးနိုင်...ဒါကပင်လယ့်အမေ...ဒေါ်ချိုချိုတဲ့...နံဘေးကတော့အန်တီရဲ့အမျိုးသားဦးလတ်ပါ...
အန်တီ...ဒီဘက်ကတော့အစိမ်းရောင်အုပ်စုကုမ္ပဏီရဲ့ပဲ့ကိုင်ရှင်ပါ...ဒီမှာကကျွန်တော့်ဦးလေးဦးအောင်နိုင်ပါ..."

ပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင် Where stories live. Discover now