(54)

284 13 1
                                    


မျက်လုံးထဲမှာ ပူရှိန်စပ်ဖျင်းနေတာတွေပျောက်သွားပေမယ့် လူတကိုယ်လုံးထူပူနေတာကပျောက်မသွားခဲ့။
သူ့ရှေ့မှာဗလာကျင်းနေတဲ့ကိုယ့်ခန္ဓာကိုယ်က ဘယ်လိုမျိုးရုပ်ပျက်ဆင်းပျက်နိုင်နေမလဲ...
တွေးရင်းနဲ့ကိုယ့်ဘာသာမလုံမလဲဖြစ်သည်။
ယောကျာ်းလေးအချင်းချင်းပဲဆိုပြီး အရှက်သည်းနေမိတဲ့ကိုယ့်ဘာသာ အားမလိုအားမရဖြစ်ရင်း...
ဘေစင်ရှေ့မှာငုတ်တုတ်မေ့လို့...

"စည်း...အဲမှာဘာရပ်လုပ်နေတာလဲ...မျက်စိကအဆင်မပြေဘူးလား"

"အော်.....အင်း...ရတယ်..."

အဆင်မပြေတာကမျက်စိမဟုတ်ဘဲ...ဒီရင်ဘတ်အထဲကဖြစ်နေတာလို့ အသံတိတ်ပြောနေခဲ့ရင်း ပင်လယ့်ရှေ့ကနေ အမြန်ထွက်လာခဲ့ရသည်။
မဟုတ်ရင် သူရှက်ရွံ့နေတာလူမိသွားလိမ့်မည်။
အခန်းထဲမှာရှိတဲ့မှန်ရှေ့ခြေစုံရပ်ပြီးကိုယ့်ဘာသာကြည့်မိတော့ ပါးစုံ့တွေရော၊ နားရွက်တွေရောရဲပဒေါင်းခတ်လို့။
ရှက်တဲ့စိတ်နဲ့ သူ့နားရွက်နှစ်ဖက်စလုံးနီရဲနေတာကိုပင်လယ်ကတွေ့မသွားဘူးလားမသိ။
တွေ့သွားလဲဘာဖြစ်မှာမို့လဲ...။

အတွေးတွေကအနုတ်ပြလိုက်၊ အကောင်းဘက်ကနေပြန်လာလိုက်နဲ့ သူ့ခေါင်းတစ်ခုလုံး ချာချာလည်ချင်လာတော့ အိပ်ယာပေါ် စန့်စန့်ကြီးလဲချလိုက်ရင်း ဝတ်ဖို့လုပ်နေတဲ့ တီရှပ်ကိုမျက်နှာပေါ်လွှားတင်ပြီးငြိမ်နေမိသည်။

တညတုန်းက သူမူးနေခဲ့တဲ့အကြောင်းကိုပြန်သတိရလာတော့...
ပင်လယ်ကသူ့ကိုရေသုတ်ပေး ၊ အဝတ်လဲပေးခဲ့တာပဲ။
အဲဒီတုန်းကတည်းက သူ့ခန္ဓာကိုယ်တစ်ကိုယ်လုံးကိုပင်လယ်ကတွေ့သွားခဲ့တာမလား...
အား...တကယ်ပါပဲ.....စိတ်ပျက်လိုက်တာ။
ရှက်ရွံ့ထူပူနေတာတွေကပိုဆိုးလာရင်း ပင်လယ့်ကိုမျက်နှာချင်းဆိုင်ဖို့တောင်ခက်သွားခဲ့ကာ...
ညစာပါမစားနိုင်တော့တဲ့အထိ။
အဲဒါနဲ့ပဲ အာရုံပြောင်းပြီး အလုပ်ဆက်လုပ်ပေမယ့် အဲဒီကိစ္စကခေါင်းထဲကနေထွက်မသွား။

လုပ်စရာတွေကိုရှေ့ချပြီး ငိုင်တိုင်တိုင်နဲ့ အဖြစ်များနေတဲ့စည်းကို ပင်လယ်ကမြင်နေတာကြာပြီ။

'ကတောက်...ကတောက်...'

သူ့စားပွဲကိုပင်လယ်က လာခေါက်တော့မှသတိဝင်လာသည်။

ပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင် Where stories live. Discover now