(26)

297 16 2
                                    

တိတ်ဆိတ်စွာစီးမျောသောပင်လယ်

'ပင်လယ်ကဘယ်လိုလူဖြစ်ခဲ့တာလဲ'

'အင်း...တည်ကြည်ချောမောတဲ့လူတွေသဘောကျတဲ့အားကစားသမားဖြစ်ခဲ့တာ'

'မိန်းကလေးတွေဝိုင်းနေမှာပေါ့'

'အမှန်ပဲ...ကျောင်းတက်လာတိုင်းသူ့ကိုငေးကြရင်နံဘေးကငါပါစိတ်ကြီးဝင်ရတဲ့အထိပဲ...
နောက်ပြီးသူက...နှလုံးသားနွေးထွေးတဲ့သူ...
မိဘရှိရက်နဲ့အတူမနေရတာတောင်မှ...
တဦးတည်းသောသားဖြစ်ခဲ့တာတောင်မှ...
တကိုယ်ကောင်းမတန်တတ်ဘဲ၊ မရိုင်းစိုင်းတတ်ဘဲလူတိုင်းကိုနွေးထွေးပေးနိုင်တဲ့သူ...
နှလုံးသားကြီးမားတယ်...မျိုသိပ်တတ်တယ်...
သောကတွေကိုတော်ရုံဖွင့်ဟမပြောတတ်ဘူး...
သူများထိခိုက်မှာစိုးရိမ်တတ်တယ်...
ပေါင်းသင်းဆက်ဆံရေးလည်းကောင်းသလိုလူတွေကိုဂရုသိပ်စိုက်တတ်တယ်...
အထူးသဖြင့် ငါ့အပေါ်ဆိုရင်သိပ်ပြီးဂရုစိုက်ပေးခဲ့တာ...'

အရင်ကအကြောင်းတွေသတိပြန်ရလာတော့ ဇေယျရဲ့မျက်ဝန်းတွေကဆွေးမြေ့ဟန်လေးဖြစ်လာခဲ့သည်။

'အမြဲငါ့ကိုဦးစားပေးတတ်တယ်...
ငါ့အတွက်လဲသိပ်ပြီးစဉ်းစားပေးတတ်တာ...
ရေကူးခြင်းကငါ့အသက်ပဲ...ဒါကိုသူသေချာနားလည်တယ်...
အတူတူပြိုင်ပွဲတခုထဲကြုံသွားရင်တောင်မှ ငါ့အတွက်ပိုကောင်းမယ့် ပွဲစဉ်တွေကိုတမင်ချန်ထားပေးတတ်တာသူ့အကျင့်ပဲ...
ဒဏရာရသွားပြီး ပျောက်သွားတာလဲ ငါ့ကြောင့်များဖြစ်နေမလားလို့ခံစားရတယ်...
အဲဒီဒဏ်ရာကသိပ်မသင်္ကာစရာကောင်းပေမယ့် အခုထိငါလဲအဖြေမရှာတတ်ဘူး...
ဒဏ်ရာရပြီးသူနားဖို့ပြင်တော့....နာမည်ကြီးတဲ့အားကစားကလပ်တစ်ခုကသူ့ကိုနားနားနေနေနဲ့နည်းပြလုပ်ဖို့ကမ်းလှမ်းသေးတယ်...
ဒါပေမယ့်သူငြင်းဆန်ပြီးပျောက်သွားခဲ့တယ်....
မိဘတွေရှိရာနိုင်ငံခြားကိုလည်းသူလိုက်မသွားဘူးလို့ငါသိနေခဲ့တယ်'

ဇေယျပြန်ပြောပြတဲ့ ပင်လယ်ရဲ့အတိတ်သည်ထင်မထားလောက်အောင်ကောင်းသတင်းဖြင့်ခမ်းနားခဲ့လျက်...

'ဇေယျ...မင်းစောစောအိပ်ပါ...နေ့လည်ကတော်တော်သောက်ထားတော့ပင်ပန်းနေမှာ...
ညဘက်ရင်မတုန်နေအောင် သကြားရည်တစ်ခွက်လောက်သောက်လိုက်အုံး...'

ပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင် Où les histoires vivent. Découvrez maintenant