mask အမည်းကြီးနဲ့အလုပ်ရောက်လာတဲ့စည်းကိုမြင်တာနဲ့ လူတကာကအံ့သြလို့နေသည်။
မနေ့တုန်းကနေမကောင်းလို့အစောကြီးပြန်သွားတာကို ပျာတာကောင်လေးကလည်း သိတော့ မေးသည်။'မောနင်း...ကိုစည်း...ဘာဖြစ်တာလဲ...တုပ်ကွေးမိတာလား...အဖျားမကောင်းရင်လည်းနားလိုက်တာမဟုတ်ဘူး...'
'အင်း...နဲနဲပါပဲ...အဆင်ပြေပါတယ်...'
'ဟင်း...ဒီနေ့အပြင်သွားမှာဘယ်လိုလုပ်ရမလဲ"
"ရသားပဲ...ဘာမှမဖြစ်ပါဘူးကွာ...ပူမနေနဲ့...အုပ်စိုးရ...'
အမြဲလိုလိုမိုနာရှိနေတတ်တော့ သူအပြင်မထွက်နိုင်ရင်လည်းကိစ္စမရှိပါ။
ဒါပေမယ့်..."ဒီနေ့မမ,မရှိဘူးနော်...ခရီးထွက်သွားတယ်"
"မိုနာကလား...ငါ...ဘာမှလည်းမကြားရပါလား"
"အန်ကယ့်ကိစ္စနဲ့ထင်တယ်...ဟိုဘက်ကုမ္ပဏီအုပ်စုကရှယ်ယာရှင်တွေတွေ့ဆုံတာထင်တယ်"
မောင်အုပ်စိုးနဲ့မိုနာကအမျိုးတော်တော့ နာမည်တပ်မခေါ်ဘဲ မမ,ဟုသာခေါ်တတ်လေသည်။
'ကိုစည်း...ဒီနေ့ဧည့်သည်တွေ့သွားရမှာ...မနေ့ကမမကစာရွက်စာတမ်းပြင်ဆင်ထားပေးပြီးသား...
ဒီမှာ...ဒီဇိုင်းအကြမ်းထည်တွေလဲစစ်ပြီးပြီ...
နောက်ပြီး မှာခဲ့သေးတယ်...ခန့်မှန်းကျသင့်ငွေတွေကဒီတခေါက်ကွာတာအတော်များတယ်တဲ့...
ဒီဇိုင်းပုံစံတွေအရမ်းများလို့တဲ့...သေချာကြည့်ပေးပါတဲ့...""အင်း...အဲဒါသိတယ်...ရှေ့တရက်ကအဲဒါဆွဲတဲ့ဒီဇိုင်းသမားတွေနဲ့တွေ့ခဲ့ပြီးသား...ငါ့ကိုအဲဒါတွေကြည့်ရလွယ်အောင်ရောင်စုံနုတ်စ်စာရွက်လေးတွေကပ်ထားပေး..."
ဒီဇိုင်းဆွဲတဲ့သူနဲ့အလုပ်လာအပ်သည့်အလုပ်ရှင်ကိုတိုက်ရိုက်တွေ့မပေးတာကကုမ္ပဏီရဲ့စည်းကမ်းချက်ဖြစ်သည်။
'အစိမ်းရောင်'ကုမ္ပဏီသည်တော်တော်စည်းကမ်းကြီးပြီးကိုယ့်အလုပ်သားရဲ့ကိုယ်ရေးကိုယ်တာများကိုသေချာထိန်းသိမ်းပေးသည်။
အလုပ်ရှင်နဲ့သဘောတူထားတဲ့ဒီိဇိုင်းတွေကတချိန်မှာဈေးကွက်ဆင်းပြီးပြဿနာတက်လာရင်တောင်မှကုမ္ပဏီကဒိုင်ခံဖြေရှင်းပေးရတာပါ။
ဖိုင်တွဲတွေရေတွက်နေရင်းအုပ်စိုးက...သူ့ကိုကြည့်ရတာပူလောင်လာတဲ့ပုံ။
YOU ARE READING
ပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင်
FanfictionUnicode avaliable at the end. YiZhan Fanfic Bromance ထက်တော့နဲနဲပိုမယ်...သိပ်တော့ မ ro ဘူး... Boys Love ပေမယ့်ခပ်ကြမ်းကြမ်းတွေမထည့်ရေးထားဘူး....(အဲဒီအတွက်အရမ်း ship ချင်တဲ့သူတစ်ချို့ကိုတောင်းပန်ပါတယ်) မူရင်းဝတ္ထုကခေတ်ဟောင်းဝတ္ထုဖြစ်နေပြီး...ဘာသာပြန်တဲ...