(90)

336 9 1
                                    


ဒီတစ်ကြိမ်တော့...စည်း'မောင်းတဲ့ကားလေးပေါ်မှာနေပင်လယ်ကအခန့်သား...
ခရီးကကြာမှာမို့လို့...ကားမောင်းတဲ့စည်း'အိပ်ချင်လာမှာစိုးကာ...လမ်းတလျှောက်လုံးနေပင်လယ်ကသီချင်းမြူးမြူးတွေဖွင့်နားထောင်ရင်း...
ရေဒီယိုလိုင်းတွေပြောင်းနေတာလဲခဏခဏ...

"သီချင်းခွေမပါဘူးလား...ရေဒီယိုကလွင့်တဲ့သီချင်းတွေကပျင်းဖို့ကောင်းတာ..."

"မသိဘူး...ရှာကြည့်..."

မိန်းကလေးတစ်ယောက်ရဲ့ကားမို့လို့...သူကြိုက်လောက်တဲ့သီချင်းမျိုးမရှိလောက်ပါ။
ရေဒီယိုကသီချင်းကိုလည်းနားမထောင်ချင်...
ဆေးလိပ်တွေသောက်ရလွန်းလို့လည်းကုန်တော့မည်။
စည်းနဲ့စကားပြောတာပဲကောင်းမည်။

"စည်း...ပထမဆုံးငါတို့စတွေ့တာလေ...
ခင်ဗျားဘာလို့တက်စီပေါ်ကနေကျန်ခဲ့တာလဲ...
တကယ်ဆိုခင်ဗျားနဲ့ကျွန်တော်ကသိတာလဲမဟုတ်ဘူးလေ...
ခင်ဗျားက အဲဒီလိုမသိတဲ့လူနဲ့သွားပြီးစကားပြောဆိုမယ့်သူမျိုးမှမဟုတ်တာ"

"မင်း...ကားပျက်နေတာမဟုတ်ဘူးလား...အဲဒီတုန်းက"

"ဟုတ်တယ်လေ...ကားပျက်တာကိုခင်ဗျားကဘယ်လိုလုပ်သိတာလဲ..."

"အဲဒါက...မင်းကားမပျက်ခင်ခဏမှာမင်းကိုရထားပေါ်ကနေလှမ်းတွေ့လိုက်တာ"

"သေချာလို့လား...အဲဒါကျွန်တော်မဟုတ်ဘဲတခြားတစ်ယောက်မဖြစ်နိုင်ဘူးလား..."

"သေချာတယ်...ဆံပင်အရှည်နဲ့ဆေးလိပ်ကိုင်တဲ့လက်တစ်ဖက်ကိုချထားတာ...ဒီလို..."

စည်း'ကကားမောင်းနေရင်းနဲ့သူ့အတိုင်းလုပ်ပြသည်။

"နေကာမျက်မှန်အပြာရောင်မှိုင်းမှိုင်းကိုတပ်ပြီးတော့...ခေါင်းလေးကဒီလိုလေးယိမ်းနေတာ...ဒီလို...ဒီလို..."

သူနဲ့တူအောင်လို့တမင်တကာလုပ်ပြနေတဲ့စည်းရဲ့ပုံစံကရယ်ချင်စရာ....

"အဲဒီတုန်းကဘာသီချင်းနားထောင်နေတာလဲ...ခေါင်းပါတင်မကဘဲပုခုံးတွေပါလှုပ်ရမ်းနေတာ"

"မသိတော့ဘူး...မေ့ပြီ"

"ကားရဲ့အရှိန်ကအရမ်းပြင်းနေတော့စိတ်တောင်ပူသွားသေး...
နောက်ပြီးခဏရုတ်တရက်ကြီးကားကလမ်းမပေါ်မှာထိုးရပ်တယ်လေ...
ငါတောင်ရထားထဲမှာယောင်ပြီးမင်းရဲ့ရပ်သွားတဲ့ကားနဲ့အတူထရပ်မိလို့ခေါင်းပေါ်မှာဘု'တလုံးထသေးတာ...
ရထားရဲ့အဝတ်အိတ်တင်တဲ့စတီးတန်းနဲ့ဆောင့်မိလို့..."

ပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင် Where stories live. Discover now