မင်းသိဖို့ကောင်းတယ်....ရွှေရုပ်ကိုအိမ်ပြန်ပို့ကြပြီးပြန်လာတော့ ညခြောက်နာရီခွဲခဲ့ပြီ။
အိမ်မရောက်ခင်လမ်းခုလတ်မှာ...စည်းက ဖုန်းဆိုင်တခုရှေ့မှာ ကားကိုရပ်ခိုင်းကာ...
အနက်ရောင်စမတ်ဖုန်းလေးတစ်လုံးဝယ်သည်။'မင်းအတွက်...လက်ဆောင်'
'ဘာလို့လဲ...ငါမှမလိုအပ်ဘဲကို...
နောက်ပြီး ဆက်ဖို့လူမှမရှိတာ''ဟုတ်လား...ငါကတော့ ဆက်စရာလူရှိတယ်ထင်တာပဲ...'
သူ့မာမီကိုဖုန်းမဆက်ဖြစ်တာကိုပြောတယ်ဆိုတာ သိပေမယ့် ပင်လယ်က မတုန်မလှုပ်။
'မရှိပါဘူး...'
'ဟွန်း...ယူလိုက်...ရော့...
ပြီးရင် မင်းအမေဆီကိုဖုန်းဆက်...'ဒီဖုန်းလေးရဲ့ပထမဆုံးခေါ်ဆိုမှုက သူတို့သားအမိကို ဟိုအရင်လို ပြန်လည်နွေးထွေးလာစေမှာလို့ ယုံကြည်မိသည်။
ဖုန်းရဲ့ setting တွေကိုသေချာချိန်ပြီးမှ ပင်လယ့်လက်ထဲလှမ်းထည့်ပေးသည်။'မင်းကိုပေးချင်တဲ့မွေးနေ့လက်ဆောင်ကဖုန်းတစ်လုံးဆိုတာထက်.....
မင်းရဲ့မာမီကိုစကားတစ်ခွန်းလောက်ပြောလို့ရမယ့်အခွင့်အရေးကိုပေးချင်တာ....
ကျေးဇူးတင်ပါတယ်...နေကောင်းလား...လွမ်းနေလား...အဲလောက်ပဲဖြစ်ဖြစ်..ပြောစေချင်လို့....
ဒီညဆက်ဖြစ်အောင်ဆက်ရမယ်....'လက်ထဲရောက်လာတဲ့ဖုန်းလေးကိုကြည့်ရင်း ပင်လယ်...အတွေးများပြီးအိမ်ပြန်ရောက်လာသည်။
အိမ်ပြန်ရောက်လို့ မေးလ်စစ်ကြည့်တော့...
မာမီ့ဆီကနေ မပျက်မကွက်မွေးနေ့ဆုတောင်းလေးရောက်နေပါ၏။
အရင်လိုပဲ copy and paste ထားသလားထင်ရအောင်ကို မေးလ်ထဲကစကားလုံးများက ၏သည်မရွေး ထပ်တူညီနေ၏။
ဒါကိုပဲ သူကအသည်းပေါက်ချင်တာ...
ဒါကိုပဲ သူကရမယ်ရှာနေချင်တာ...
အလုပ်နဲ့ စီးပွားရေး၊ ကြီးပွားရေးကလွဲပြီး သူ့မာမီကသူ့ကိုဂရုမစိုက်တာလို့ အထင်လွဲနေမိတာ။
ဖုန်းနံပတ်လေးကိုနှိပ်လိုက်၊ ပြန်ပိတ်လိုက်နဲ့ အချိန်တော်တော်ကြာသွားပြန်သည်။စည်းကလည်း သူ့အဖြစ်ကိုမသိမသာစောင့်ကြည့်နေခဲ့တာမို့ နောက်ဆုံး အရဲစွန့်ပြီး မာမီ့ကိုဖုန်းဆက်ဖြစ်ခဲ့သည်။
YOU ARE READING
ပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင်
FanfictionUnicode avaliable at the end. YiZhan Fanfic Bromance ထက်တော့နဲနဲပိုမယ်...သိပ်တော့ မ ro ဘူး... Boys Love ပေမယ့်ခပ်ကြမ်းကြမ်းတွေမထည့်ရေးထားဘူး....(အဲဒီအတွက်အရမ်း ship ချင်တဲ့သူတစ်ချို့ကိုတောင်းပန်ပါတယ်) မူရင်းဝတ္ထုကခေတ်ဟောင်းဝတ္ထုဖြစ်နေပြီး...ဘာသာပြန်တဲ...