(76)

274 15 3
                                    



ခေါင်းပေါ်မှာမျက်နှာသုတ်ပုဝါလွှားတင်ထားပြီးရေချိုးခန်းထဲကထွက်လာတဲ့စည်းကိုသူ စောင့်ကြည့်နေခဲ့သည်။
စည်းက ရေချိုးပြီးထွက်လာတာနဲ့အသင့်ထားထားတဲ့တီရှပ်ကိုအမြန်ကောက်စွပ်ပစ်သည်။

"ရေတွေစိုနေတုန်းပဲ...ကျောမှာရောရင်ဘတ်မှာရော..."

"ရတယ်...ခြောက်သွားလိမ့်မယ်..."

သူရှိနေလို့ အင်္ကျီကျွတ်ကြီးနဲ့မနေချင်တာ ဘယ်လိုခံစားမှုမျိုးဖြစ်နေမှန်းမသိ။

"စည်း...မင်းအဲဒါတွေရိတ်သင့်ပြီထင်တယ်..."

မေးနဲ့ပါးအောက်ဖက်ကိုထိပြပြီးပြောတော့ သူ့မျက်နှာမှာအမွှေးမှင်တွေပြန်ထ,နေပြီလို့သတိရလာသည်။
အမွှေးအမှင်တွေအရမ်းထူတာမဟုတ်ဘဲနဲ့စည်းရဲ့ခန္ဓာကိုယ်မှာနေရာတော်တော်များများမှာရှိသည်။

နောက်ပြီး စည်းရဲ့ဆံပင်လေးတွေတောင်တော်တော်ရှည်နေပြီပဲ...
အရပ်ရှည်သောကြောင့်ဘယ်လိုဝတ်ဝတ်လိုက်ဖက်သောစည်းကတီရှပ်အဖြူတွေကိုပဲမချွတ်တမ်းဝတ်တတ်သည်။
မျော့ကြိုးပါတဲ့ အသားရောင်ချည်ဘောင်းဘီရှည်နဲ့ဆိုဖာပေါ်မှာတင်ပျဉ်ခွေထိုင်ကာဆံပင်တွေကိုရေသုတ်နေသည့်ပုံကတော်တော်ဆွဲဆောင်မှုရှိနေတော့ ပင်လယ်ကမျက်လုံးမလွဲနိုင်။

မျက်လုံးအောက်ဘက်အထိရှည်ကျနေပြီဖြစ်တဲ့ဆံပင်တွေနဲ့ စည်းဟာ.....
သေသေချာချာကြည့်မှ အနောက်တိုင်းနည်းနည်းဆန်တဲ့အက်ရှင်မင်းသားတွေနဲ့တူသည်။
ညှင်းသိုးသိုးကြီးလဲမဟုတ်ဘဲ...မုတ်ဆိတ်စိမ်းစိမ်း...ပါးသိုင်းမွေးတို့နဲ့ခန့်ညားပါ၏။

သိပ်ကြည့်လို့ကောင်းတာပဲလို့ ပြောရလောက်တဲ့အထိမဟုတ်ပေမယ့် စည်းဆိုတဲ့ အဲဒီလူကသူ့ကိုအင်မတန်ညှို့ယူထားတယ်ဆိုတာငြင်းလို့မရ။

ပုံမှန်မဟုတ်တဲ့စွဲလမ်းခြင်းတွေဖြစ်ပေါ်နေတဲ့ နှလုံးသားလေးက ဘယ်အခြေနေထိရှေ့ဆက်တိုးမလဲ သိချင်ပြီ။
တကယ်...ကျွန်တော်...ဘယ်အထိရူးသွပ်နိုင်မလဲမသိပေမယ့်...
သဘာဝလွန်သွားမယ့် တောင့်တခြင်းတွေအထိ...အလိုရှိနေလောက်သည်။

အဲဒီအထိ ခင်ဗျားဘက်ကခွင့်ပြုနိုင်ပါ့မလား...
ဖြေပါ....စည်းရယ်...ခင်ဗျားရင်ခွင်ရဲ့ဘယ်အတိုင်းအတာအထိကျွန်တော်လာခွင့်ရှိသလဲ...

ပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင် Where stories live. Discover now