(45)

294 16 4
                                    


ဆေးသောက်ပြီးတော့အိပ်လိုက်ဖို့ကြိုးစားပေမယ့် အိပ်နေကျအချိန်မဟုတ်တော့ မျက်လုံးတွေကမှိတ်လို့မရ။
ပင်လယ့်ကိုစိတ်သိပ်မကြည်လို့သာ အခန်းတံခါးပိတ်ပြီးနေမိတာ အိပ်ယာထဲရောက်ကတည်းကတောင်တွေးမြောက်တွေးနဲ့ လူကဂနာမငြိမ်ပါ။
ဂစ်တာတီးနေတဲ့ပင်လယ့်ဆီကအသံတိတ်သွားပြီးနဲနဲကြာတော့မှ စည်းကအခန်းထဲမှတိတ်တဆိတ်ထွက်လာခဲ့သည်။
ဂစ်တာကြီးနံဘေးချပြီးတော့ ရင်ဘတ်ပေါ်လက်တစ်ဖက်တင်၍ပင်လယ်ကဆိုဖာပေါ်မှာအိပ်ပျော်နေ၏။
လင်းချင်းနေတဲ့မီးရောင်တွေကြားမှာ သူမို့လို့သာအိပ်ပျော်တာ၊ ဒီလိုမီးတွေလင်းထိန်နေပုံနဲ့တော့ ဘယ်နည်းနဲ့မှအိပ်လို့ရမှာမဟုတ်။
အရင်ကတည်းကညညဆိုကြောက်လို့ မီးတွေဖွင့်ပြီးအိပ်တာအကျင့်ပါနေပြီဆိုပြီး အခုထိမီးဖွင့်အိပ်တဲ့ကလေးလဲမဟုတ်တဲ့ ဒီကောင်လေးက ကတ်သီးကတ်သန့်နဲ့ ဒီလိုလေးလဲချစ်ဖို့ကောင်းသည်။
ညဘက်တွေဆိုအပြင်မှာတယောက်ထဲအိပ်လို့ရရဲ့လားစိတ်ပူမိပေမယ့်...ပင်လယ့်ကိုတော့ တခါမှမမေးဖြစ်ခဲ့ပါ။
ဒီလိုဆိုတော့လည်း တစ်ယောက်ထဲသေချာအိပ်နိုင်နေတာမို့ စိတ်ချသွား၏။

ခြေသံဖွဖွနင်းပြီးအခန်းထဲကနေထွက်လာကာ သူအိပ်နေတဲ့ဆိုဖာနားသွားကြည့်တော့ နှစ်ခြိုက်စွာအိပ်နေခဲ့ပြီ။
ပုံမှန်ထက်စောတဲ့အချိန်ဆိုပေမယ့် ဒီကောင်လေးသေချာအိပ်ပျော်သားပဲ။
တညနေလုံး ရွှေရုပ်နဲ့အတူတူဟီလာတိုက်ခဲ့ရတော့ မောပန်းသွားတာဖြစ်မယ်လို့ တွေးရင်း စည်းကမကျေမနပ်ထပ်ဖြစ်နေခဲ့သေး၏။
ညင်ညင်သာသာလေးပဲ သူအိပ်နေတဲ့နံဘေးဆီမှာ ဆိုဖာကိုကျောမီချပြီးအောက်ကြမ်းပြင်မှာထိုင်ချ ပြီးမှ စီးကရက်တစ်လိပ်ကိုမီးညှိ၍ရှိုက်ဖွာရင်း ပင်လယ့်မျက်နှာကိုငေးနေမိသည်။

လူကြီးတပိုင်း ကလေးတပိုင်းနဲ့ ပင်လယ်ဆိုတဲ့ကောင်လေးက အပေအတေလေး။
မိဘအရင်းရှိရဲ့သားနဲ့ တစ်ယောက်ထဲစိတ်ကြိုက်ရွက်လွင့်ပြီး အိမ်ယာမဲ့လို ကြုံရာအိပ်စားတတ်တဲ့ လွတ်လပ်လွန်းတဲ့ကောင်လေး။
သေသေချာချာစဉ်းစားကြည့်တော့မှ သူနေထိုင်နဲ့ဘဝပုံစံနဲ့ ပင်လယ်ဖြတ်သန်းလာတဲ့ဘဝဆိုတာ မိုးနဲ့မြေလိုကွာဝေးလွန်းနေတာပဲ။
ဒါတောင်မှ သဘောတကျနဲ့ငြိတွယ်ဖြစ်သွားခဲ့တာအံ့သြစရာ။
ဒီကောင်လေးကို သူကသဘောကျမိတယ်တဲ့လား...
အဟား...
နောက်ပြီး ဒီကောင်လေးကလဲ သူ့ကိုသဘောကျတယ်တဲ့လား။
ရင်ခုန်တယ်တဲ့လား။

ပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင် Where stories live. Discover now