ဇေယျနဲ့ စင်္ကြာရယ်၊ ပင်လယ်ရယ်က စကားတစ်ဖြတ်...
ရန်ပြေငြိမ်းနဲ့စည်း'က စကားတဖြတ်နဲ့ အဖွဲ့ကျနေကာ...
ဟက်ဟက်ပက်ပက်ရယ်လိုက်...ခွက်ချင်းတိုက်ကာဘီယာသောက်နေလိုက်နဲ့...
သူနဲ့ကျတော့မျက်လုံးချင်းမဆုံတော့တာမို့ ပင်လယ်ကစိတ်သိပ်မကြည်။
တခါတလေ စည်းကိုခေါ်ခေါ်ပြီးစကားပြောပေမယ့်...သူ့ကိုသိသိသာသာကို ရှောင်ဖယ်လို့နေသည်။ကျန်တဲ့သူတွေကျတော့လေပေးဖြောင့်နေတာ...
စည်း...ခင်ဗျား...အဲဒါ တမင်တကာမလား။
သောက်ထားတဲ့ ယမကာတန်ခိုးနဲ့ပင်လယ်ကတော့ စိတ်ကထောင်းခနဲ၊ ဖင်ကဖောင်းခနဲဖြစ်ချင်နေပြီ။
ခုနတုန်းကစင်္ကြာက စည်း'ရဲ့အပြုံးလေးလှလိုက်တာလို့ပြောကတည်းကပင်လယ်ကစိတ်မကြည်တော့ဘဲ...ရင်ထဲမှာ ဒူးရင်းသီးတွေသီးလို့...။
ဘာလို့အဲလို အရမ်းလှအောင်ပြုံးနေတာလဲလို့မေးမေးပြီးရစ်ချင်သည်။ဟော...အခုလည်းစင်္ကြာကိုထပ်ပြုံးပြနေပြန်ပြီ။
မနာလိုခြင်းကြောင့် လူကနေလို့မရတော့...။
ရုတ်တရက်ကြီး ဒီဘက်မှာထိုင်နေရာကနေထသွားကာ...စည်းရဲ့ဘေးကလွတ်နေတဲ့ခုံလေးကိုပိုနီးကပ်အောင်ဆွဲပြီးနေပင်လယ်ကဝင်ထိုင်သည်။ဘာလာလုပ်တာလဲ'လို့မမေးပေမယ့်...
စည်းရဲ့အကြည့်တွေကအဲဒီအတိုင်း....။ဇေယျတို့ကလည်းမသိချင်ယောင်ဆောင်နေပေမယ့်...မြင်နေတော့ ကြည့်နေမိတာပါပဲ။
စည်းကလည်းအဲဒါကိုရိပ်မိလို့နံဘေးမှာပင်လယ်ရောက်လာတာနဲ့ကိုယ်ကိုအနည်းငယ်မတ်မတ်ပြင်ထိုင်သည်။"စည်း...ဘာဖြစ်နေတာလဲ..."
အသံတိုးတိုးလေးနဲ့ကပ်မေးတာကြားပေမယ့်...မကြားချင်ယောင်ဆောင်ကာစည်းကရုတ်တရက်ထရပ်သည်။
"မေးနေတာလေ...ဘယ်သွားမလို့တုန်း"
ပင်လယ့်အသံကပိုကျယ်လာခဲ့ကာ...ထရပ်တဲ့စည်းရဲ့လက်ကိုဆွဲလိုက်တော့...စည်းကပြန်ဖြေချသည်။
"အိမ်သာ"
"ငါလိုက်မယ်..."
ဇေယျတို့တဝိုင်းလုံးကြည့်နေတာကိုသိတောင်မှဂရုမစိုက်အားတော့ဘဲ...
ခေါင်းမညိတ်ခေါင်းမခါဘဲနဲ့စည်း'ထွက်သွားတဲ့နောက်ကို ပင်လယ်ကထလိုက်သွားသည်။
YOU ARE READING
ပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင်
FanfictionUnicode avaliable at the end. YiZhan Fanfic Bromance ထက်တော့နဲနဲပိုမယ်...သိပ်တော့ မ ro ဘူး... Boys Love ပေမယ့်ခပ်ကြမ်းကြမ်းတွေမထည့်ရေးထားဘူး....(အဲဒီအတွက်အရမ်း ship ချင်တဲ့သူတစ်ချို့ကိုတောင်းပန်ပါတယ်) မူရင်းဝတ္ထုကခေတ်ဟောင်းဝတ္ထုဖြစ်နေပြီး...ဘာသာပြန်တဲ...