(59)

265 12 3
                                    


စည်းနဲ့ပင်လယ့်ရဲ့နောက်ကျောတွေကိုကြည့်နေခဲ့ရင်း...မိုနာကခြံဝလေးမှာကျန်ခဲ့သည်။
ပင်လယ်က သူမနဲ့စည်းထက် အသက်ငယ်ပေမယ့် တော်တော်ရင့်ကျက်သောကောင်လေးဖြစ်သည်။
ကိုယ့်ကိုယ်ကိုကျွန်တော်လို့ သုံးနှုံးပေမယ့်...
စည်းရောသူမကိုပါနာမည်ပဲခေါ်ပြီးစကားပြောတတ်သောထိုကောင်လေးကရိုင်းစိုင်းတာမျိုးမဟုတ်ဘဲ...
မိသားစုဆန်စွာပွင့်လင်းတတ်တာဖြစ်သည်။

မိုနာကစည်းနဲ့ပတ်သက်ပြီးမှ နေပင်လယ်ကိုသိခဲ့ရတာမို့သိပ်ပြီးခင်မင်မှုမဖြစ်ပေမယ့်...
ပင်လယ်ကပေါင်းသင်းဆက်ဆံရေးတော်တော်ကောင်းကြောင်းထိုနေ့ကသိလိုက်သည်။
စနေနေ့ကစည်းအလုပ်စောစောပြန်ခဲ့ပြီးနေ့လည်ဘက်လောက်မှာသူမဆီသတင်းမေးရင်းမသိတာတွေမေးဖို့အိမ်ကိုရောက်လာတော့ ပင်လယ်ပါလိုက်လာခဲ့သည်။

"ဟိုင်း...မိုနာ...နေမကောင်းလို့ဆို...ဘာဖြစ်တာလဲ"

"ဒီိလိုပါပဲ...တို့က...လေးဘက်နာသမားမို့လို့ဖြစ်နေကြပဲ...ဒီမှာထိုင်ကြ..."

"ဒါကြောင့်ခုနကလမ်းလျှောက်တာတမျိုးဖြစ်နေတာကိုး"

"အင်း...ခြေဆစ်တွေယောင်နေတာ...ခရီးပန်းသွားတာနဲ့ပေါင်းဖြစ်တာ....ဒါကြောင့်လမ်းလျှောက်ရတာမကောင်းဘူး...အလုပ်မလာတာလဲအဲဒါကြောင့်ပဲ"

"ရိုးရိုးလေးဘက်နာလား..."

ပင်လယ့်စကားကိုထူးဆန်းသလိုမျက်နှာပေးနဲ့...စည်းကလှမ်းဟောက်သည်။
ရောက်လာကတည်းက ဘာတွေမေးနေမှန်းကိုမသိ။

"လေးဘက်နာကဆန်းဆန်းဆိုပြီးရှိသေးလို့လား...ချီးထုပ်ကလည်း..."

အဲဒီရောဂါတွေအကြောင်းကိုစည်းကတကယ်မသိ။

"လေးဘက်နာအမျိုးအစားအများကြီးရှိတယ်လေ...ထူးထူးဆန်းဆန်းတွေတောင်ရှိသေး...သွေးလေးဘက်နာတို့...ပိုးလေးဘက်နာတို့...အရေပြားလေးဘက်နာတို့...ဟုတ်တယ်မလား...မိုနာ..."

ပင်လယ့်ကို... မိုနာ့ဦးလေး ဦးကိုလေးကကြည့်နေရင်းမှ မေးသည်။

"မင်းကသိလှချည်လား...ကောင်လေးရဲ့..."

"အော်...ဟုတ်ကဲ့...ကြားဖူးလို့ပါ...လေးဘက်နာကမျိုးအစားများတယ်တဲ့..."

ပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင် Where stories live. Discover now