မိုနာရဲ့မွေးနေ့ရောကုမ္ပဏီနှစ်ပတ်လည်ရောပေါင်းလုပ်တာကြောင့်...
ရုံးတွင်းပါတီဆိုပေမယ့်...ပါတီကအသေးလေးတော့မဟုတ်ပါ။
အစီစဉ်တင်ဆက်တဲ့သူနဲ့...တီးဝိုင်းပါပြီး...
အဆိုတော်တွေကိုပါဖိတ်ကြားထားကာ...
ပျော်စရာအစီအစဉ်တွေနဲ့ ဆော့စရာဂိမ်းတွေပါရှိသည်။ဒါ့အပြင်...ဆုချီးမြင့်တာတွေပါရှိတော့ ညနေစောင်းကနေစတင်ရင် ညနက်မှပြီးဆုံးမည့်အစီအစဉ်။
ပွဲမစခင်မှာဦးနိုင်ကခဏလာခဲ့ဦးဆို၍မိုနာ့အဖေရှိတဲ့ရုံးခန်းထဲသွားတော့...
မိုနာရော...မိုနာ့မိဘရောဦးနိုင်ပါအတူတူရှိနေသည်။"ထိုင်ဦး...စည်း..."
လူကြီးတွေရဲ့ မျက်နှာတွေကကြည်လင်ပြုံးပျော်နေတာတခုခုများလားလို့တွေးမိနေတုန်း...ဦးနိုင်ကစကားစ,ပြောသည်။
"မင်းတို့နှစ်ယောက်လက်ထပ်ဖို့ကိုဒီနေ့ပွဲမှာအကုန်လုံးသိအောင်ကြေငြာမယ်...
စေ့စပ်ထားတာကလူအနည်းအကျဉ်းပဲသိခဲ့တာမို့လို့...အခုတော့တရားဝင်သဘောမျိုးပေါ့...""ဟင်..."
လက်ထပ်ဖို့ကိုအဲလောက်မြန်ဆန်လိမ့်မည်ဟုထင်မထားခဲ့။
အခုက...ဘယ်လိုကြီးလဲ...။"ခဏလေးပါ...ကျွန်တော်...ခဏ..."
ဦးနိုင်ကထိတ်လန့်သွားတဲ့စည်းရဲ့မျက်ဝန်းတွေကိုသေချာစိုက်ကြည့်ပြီး...ရယ်သည်။
"အံ့သြတာလား...ပျော်တာလား...စည်းရ...
မင်းကအခုထိ...ခံစားချက်တွေမထိန်းနိုင်သေးဘူးပဲ""ဟားဟား...မင်းတကယ်အရင်ကအတိုင်းပဲမပြောင်းလဲဘူး"
စားပွဲဝိုင်းတစ်ခုလုံးမှာ ဦးနိုင်နဲ့ မိုနာ့မိဘတွေကပဲသဘောကျစွာရယ်မောနေခဲ့ပြီး...
မိုနာနဲ့စည်းကတော့ တည်ငြိမ်နေခဲ့သည်။"လက်ထပ်ဖို့ကလေ...ကျွန်တော်တို့နှစ်ယောက်စလုံးနဲ့ဆိုင်တော့...နဲနဲလေး...မိုနာက...ဟို..."
မိုနာ့ကိုစစ်ကူတောင်းသလိုကြည့်လိုက်တော့...
မိုနာကအလိုက်သိစွာ ပြုံးရင်းခေါင်းညိတ်သည်။
စည်းရဲ့မျက်ဝန်းတွေအကြောင်း သူမ,နားလည်သည်။
YOU ARE READING
ပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင်
FanfictionUnicode avaliable at the end. YiZhan Fanfic Bromance ထက်တော့နဲနဲပိုမယ်...သိပ်တော့ မ ro ဘူး... Boys Love ပေမယ့်ခပ်ကြမ်းကြမ်းတွေမထည့်ရေးထားဘူး....(အဲဒီအတွက်အရမ်း ship ချင်တဲ့သူတစ်ချို့ကိုတောင်းပန်ပါတယ်) မူရင်းဝတ္ထုကခေတ်ဟောင်းဝတ္ထုဖြစ်နေပြီး...ဘာသာပြန်တဲ...