(39)

292 13 1
                                    


ဒီ့ထက်မက

အချိန်တန်ရင်လူတိုင်းအိမ်ပြန်ကြရတာဆိုပေမယ့်
အပန်းဖြေခရီးလေးခဏတာထွက်လိုက်ပြီးအိမ်မပြန်ချင်တော့တာဘာကြောင့်မှန်းမသိ။
ကမ္ဘာပေါ်မှာကိုယ့်အိမ်လောက်ပျော်ဖို့ကောင်းတာမရှိဘူးလို့ဆိုပေမယ့် စည်း'ကတော့ကိုယ့်အိမ်မှာကိုယ်မပျော်နိုင်တော့တာ...ဒိုင်းမွန်းဟောက်စ်ကနေပြန်လာပြီးကတည်းကပါပဲ။

ဒါပေမယ့်...အခုတော့....သူ...ပြန်လည်ပြီးလန်းဆန်းလာသလိုမျိုးခံစားနေရတာ...ပင်လယ်နဲ့ပြန်ဆုံဖို့အကြောင်းတွေရှိလာလို့ဖြစ်မည်။
ရိုးရိုးသားသားနဲ့ဝန်ခံရလျှင်...ပင်လယ်နဲ့ခွဲခွာပြီးသည့်နောက်ပိုင်းမှာ လွမ်းခဲ့မိသလို တမ်းတခဲ့မိသည်။ တစ်ယောက်ထဲနေရတာကိုလည်း အထီးကျန်သလိုခံစားရသည်။
တည်ငြိမ်နေခဲ့သည့် သူ့စိတ်သည်...နေပင်လယ်ဆိုသည့်ကောင်လေးနဲ့တွေ့ပြီးမှနားလည်ရခက်နေခဲ့၏။

ဘယ်အရာကိုသဘောကျမိမှန်းမသိဘဲနဲ့ နေပင်လယ့်ကိုသဘောကျနေမိတာကိုခံစားမိနေတာစတွေ့ကတည်းကပါ။
ဖြူအုနေသောအသားအရေ၊ ခပ်ညိုညိုဆံပင်ရှည်များဖြင့်အရိုင်းဆန်စွာချောမောသောနေပင်လယ်ကိုသူဘယ်လိုသဘောကျမိသလဲဆိုတာကိုတော့...မတွေးတတ်ပါ။
အတူတူရှိနေရခြင်းကိုအထူးသာယာနေခဲ့လျက်....
တခါလေပင်လယ့်ကိုတိတ်တဆိတ် ငေးကြည့်ရခြင်းမှာ သူ...ပျော်ရွှင်နေတတ်ခဲ့ပြီး ငေးကြည့်မိလေတိုင်းလည်းရင်ခုန်ခြင်းကနောက်ကနေကပ်ပါလာတတ်တာ တကြိမ်တခါထဲမကပြီမို့ ကိုယ့်ဘာသာမရိုးတော့တာကိုနားလည်ခဲ့သည်။
ဒါပေမယ့် ခက်နေတာကသူရော၊ ကိုယ်ပါယောကျာ်းလေးမို့...ဘယ်လိုနားလည်လိုက်ရမှန်းမသိခဲ့။
ရင်ခုန်သံတွေထူးဆန်းနေတာကိုအဖြေရှာသင့်သလား၊ မရှာသင့်ဘူးလားတွေးနေရင်းနဲ့ သံယောဇဉ်တို့ခိုင်မာလာခဲ့တဲ့အခါ...

-------------

အဲဒီတည်းခိုဆောင်လေးကိုအနည်းငယ်ပြုပြင်မွမ်းမံပြီး...
ပင်လယ်စာနှင့်ပတ်သက်သည့်ဟင်းလျာများကိုအထူးပြုပြီးစားသောက်ဆိုင်အသေးလေးထည့်ချင်သည်။
ထို့ကြောင့်...သူအချက်အပြုတ်ပညာကိုသေချာတတ်ထားသင့်သည်။
ပါချီပါချက်လောက်ပဲချက်တတ်တာလေးနဲ့တော့ စားသောက်ဆိုင်အထိမှန်းလို့မရတာမို့ သင်တန်းတက်ဖို့ဆုံးဖြတ်ခဲ့တာ။

ပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင် Nơi câu chuyện tồn tại. Hãy khám phá bây giờ