(29)

298 16 0
                                    

အမူးကောင်း

ဇေယျမနက်ဖြန်ပြန်မှာမို့နှုတ်ဆက်ပွဲလုပ်ကြမည်....။
ထုံးစံအတိုင်း...ဘာဘီကျူးပေါ့...။
ဧည့်သည်တွေကြိုမှာထားတဲ့ညစာပြင်ဆင်မှုပြီးဆုံးတော့မှ...သူတို့ပျော်ပါးဖို့ပြင်ဆင်ရသည်။
ဒီတခါလူများသည်မို့အလုပ်ကပိုလာခဲ့သည်။
ကလေးတွေကတော့သဲပြင်ပေါ်ပြေးလွှားနေလျက်...
ဘီယာကရောင်းလို့တောင်မလောက်တာမို့ သူတို့သောက်ဖို့ဒီတစ်ခါတော့...အရက်ပါလာသည်။
ဦးနောင်နောင့်မှာကောင်းလှသောအရက်များလက်ဆောင်အမြဲရတတ်တော့...အားလုံးအထာကျနေကြသည်ပေါ့....။
ပင်လယ်နဲ့ဇေယျတို့နှုတ်ဆက်တာဖြစ်သော်လည်း...ပွဲစတင်ကတည်းကဇွတ်သောက်နေသည်ကစည်း'ဖြစ်နေ၏။
ဘီယာတောင်မှသိပ်မသောက်နိုင်ပေမယ့်ဒီတစ်ကြိမ်မှာစည်းက..အနံ့မွှေးပြီးဈေးကြီးသည့်အရက်များကိုသာယာစွာမြိုချနေခဲ့သည်။
ဒါကိုပင်လယ်ကလှမ်းတားချင်သော်လည်း...
နှစ်ဦးသားကစားပွဲရဲ့တစ်ဖက်တစ်ချက်မှာရောက်နေကြသည့်အပြင်...တစောင်းထိုးအတော်လှမ်းနေကြ၍ဒီတိုင်းကြည့်နေခဲ့ရသည်သာ။

စည်းတစ်ယောက်ထဲတင်လားဆိုတော့...မဟုတ်သေးဘူး။
သူ့နံဘေးမှာရှိနေတဲ့ဇေယျကိုလည်းအသောက်မလွန်စေဖို့ထိန်းနေရင်းပူပင်နေရသေးကာ....ပင်လယ့်မှာမသာယာနိုင်တော့...
ဦးနောင်နောင်နဲ့ဇေယျကနီးနေခဲ့တော့ ဇေယျကိုဦးနောင်နောင်ကမေးလေသည်။

'ရင်ထဲပေါ့သွားလား...ကောင်လေး'

'ဟုတ်တယ်....ပင်လယ်ချန်ခဲ့တဲ့လေးတဲ့အရာကြီးပျောက်သွားသလိုပဲ....မကောင်းတဲ့အကောင်'

ဇေယျကနှုတ်ခမ်းဖြဲပြီးပင်လယ့်ကိုမျက်စောင်းထိုးလေသည်။

'မင်း ညိုလေးနဲ့ဘယ်လိုတွေ့လဲ'

'မင်းအကြောင်းစုံစမ်းနေတတ်တဲ့ငါ့မှာအဆက်သွယ်တွေများပါတယ်ကွာ'

'ကမ္ဘာကြီးကကျဉ်းကျဉ်းလေးပဲ...ငါဒီလောက်ပုန်းနေတာတောင်တွေ့သွားခဲ့တယ်'

'ပင်လယ်...မင်းကအတော်သူရဲဘောကြောင်တာပဲကွ'

'ဟွန်း.....ပင်လယ်ဆိုတဲ့ငါက...သတ္တိရှိပါတယ်ကွာ...သူ့ထက်စာရင်ပေါ့..'

ပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင် Where stories live. Discover now