(21)

322 17 2
                                    


ချော့ခြင်းမမည်သော်လည်း....

ဧည့်သည်ဦးလေးကြီးရဲ့အထုပ်တွေလာချပြီးကတည်းကမျက်နှာမကောင်းဘဲ စည်းကပျောက်သွားခဲ့ပြီး နေ့လည်ထမင်းစားချိန်ထိပေါ်မလာခဲ့ပေ။
ထမင်းအကုန်ပြင်ပြီးစောင့်နေတဲ့ရွှေရုပ်လေးက ပင်လယ့်ကိုမေးသည်။

'ကိုစည်း...ဘယ်ရောက်သွားတာလဲ...ထမင်းစားကြမယ်လေ'

ဘာမှမသိတဲ့ရွှေရုပ်လေးကို ပင်လယ်ကဘာမှပြန်မဖြေဘဲ...
စည်းကိုလိုက်ရှာဖို့ပြင်သည်။

'ထားလိုက်...ငါမစားသေးဘူး..သူနဲ့အတူတူစားလိုက်မယ်...
နင်တို့စားနှင့်တော့....'

ပြီးမှဦးအောင်နိုင်ဘက်လှည့်၍...ပင်လယ်ကပြုံးသည်။

'ဦးလေး...သုံးဆောင်ပါဦး...လတ်လတ်ဆတ်ဆတ်ငါးတွေကဒီမနက်ကမှရထားတာ..
ဒါတွေအကုန်ကျွန်တော့်လက်ရာ..."

ပြုံးပြုံးလေးနဲ့လောကွတ်ချော်လာသည့်..ပင်လယ်ဆိုသည့်ကောင်လေးကိုဦးနိုင်စတွေ့ကတည်းကသဘောမကျတာကြောင့် ပြန်မပြုံးပြဖြစ်သလို၊ ခေါင်းလေးတောင်ညိတ်မပြပေ။
မိုနာ့ဆီစည်းရောက်နေသည့်နေရာကိုမေးကတည်းကနေပင်လယ့်အကြောင်းပါကြားခဲ့ရတော့...
စိတ်ထဲမှာသိပ်ဘဝင်မကျ။
ဒီကောင်လေးကြောင့်များ စည်းက အဲလိုတွေပြောင်းလဲ့ခဲ့သလားမသိ။
အမှိုက်တစလိုလေလွင့်နေပုံရသည့်ထိုကောင်လေးက စည်းရဲ့ပတ်ဝန်းကျင်မှာတွေ့နေကျလူတွေနဲ့ကွဲပြားနေတော့...စိတ်ဝင်စားစရာဖြစ်နေခဲ့တာဖြစ်မည်။
အဲဒီလိုတွေးမိတော့ တကယ်ကိုမကျေနပ်ချင်။
ခရီးကနေပြန်ရောက်ကတည်းက နေပင်လယ်ဆိုသည့်နာမည်ကိုခဏခဏပြောနေကြောင်းကြားရကတည်းက နဲနဲလေးတော့စိတ်ထင့်နေခဲ့တာ...
ထိုကောင်လေးကြောင့်များစည်းဒီနေရာကိုပြန်လာခဲ့သလား။

..................

နေအေးချိန်ရောက်တာနဲ့ကမ်းခြေဘက်မှာလမ်းလျှောက်ကြတဲ့လူများလာသည်။
ငါးမြှားချိတ်သုံးလေးခုထောင်ကာ ပင်လယ်ကနေ့လည်ကတည်းကငါးဖမ်းနေတာထမင်းတောင်မစားရသေး။
စည်းတယောက်ကတော့ခေါင်မိုးထပ်ခိုးမှာတိတ်ဆိတ်စွာရှိနေခဲ့လျက်....

ထမင်းစားချိန်ကတည်းက ပင်လယ်ကကမ်းခြေတပတ်လုံးစည်းကိုရှာနေခဲ့ပေမယ့်မတွေ့ခဲ့ဘဲ...
ခေါင်မိုးထပ်ခိုးဆီတက်ကြည့်တော့မှ..လေသာပြတင်းကြီးဖွင့်ပြီး ပါးတစ်ဖက်မှာမျက်ရည်တွေနဲ့စည်း..ကို သူတွေ့ခဲ့တာဖြစ်သည်။
အနားသွားပြီးမေးကြည့်ဖို့တွေးပေမယ့် လက်လျော့ပြီးတော့ စည်းတစ်ယောက်ထဲထားခဲ့ဖြစ်သည်။
ဒီအချိန်မှာ အေးဆေးလေးစိတ်ကိုအနားပေးထားဖို့လိုသည်လေ။
ဦးလေးဖြစ်သူနဲ့ဘာတွေပြောနေခဲ့မှန်းမသိပေမယ့်...
အလုပ်ကိစ္စမဟုတ်ရင် မိသားစုကိစ္စဖြစ်မှာလို့တွေးမိလို့ ပင်လယ်ကစပ်စုဖို့စိတ်မကူးတော့ပေ။

ပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင် Where stories live. Discover now