(24)

300 17 3
                                    

အတိတ်သည်တဖန်ပြန်လည်တတ်၏။

နေ့လည်နှစ်နာရီလောက်မှာအလုပ်တွေခဏပြတ်သွားတော့ အားလုံးအတူတူနေ့လည်ထမင်းစားပြီးနားနေကြသည်။
သိမ်းဆည်းစရာရှိတာတွေကိုတော့ ပင်လယ်နဲ့အတူ ယမုံကကူနေပြီး
စည်းနဲ့သူ့ဦးလေးကစားပွဲတလုံးမှာအတူတူထိုင်ပြီးစကားပြောနေကြကာ...
ရွှေရုပ်တို့သူငယ်ချင်းသုံးယောက်သာအကင်ခုံလေးနားမှာဆော့လျက်ဆိုင်စောင့်နေကြသည်။

တနေ့လုံးမှာနေအပူဆုံးအချိန်မို့သောင်ပြင်မှာလူပါးနေပြီး ရေဆော့မယ့်သူတောင်မရှိပါ။

ထိုစဉ်....'ကိုပင်လယ်...ကိုကြီးစည်း...ကူပါအုံး...'

ချမ်းချမ်း၏အော်သံကြောင့် လူကြီးတွေအပြင်ရောက်လာတော့...သဲပြင်ပေါ်လဲကျနေသည့်လူတစ်ယောက်ကိုမနိုင်မနင်းဆွဲထူနေသည့်ချမ်းချမ်းကိုတွေ့ရသည်။

'ဘာလဲ...ဘာဖြစ်တာလဲ...'

'မသိဘူး...ဟိုနားမှာမူးပြီးလဲကျနေတာ...'

ဘာကြောင့်ပဲမူးလဲလဲ၊ လူကအသက်အန္တရာယ်ကင်းဖို့အရေးကြီးတာမို့...
ပင်လယ်ကအပြေးအလွှားသွားလို့အဲဒီလူကိုပုခုံးဖက်ပြီးဆွဲမ,ကာအထဲခေါ်လာခဲ့ရသည်။
ဝူးဝူးဝါးဝါးပြောချင်ရာပြောနေတဲ့အဲဒီလူက
တော်တော်မူးနေပုံရပေမယ့်...သတိလွတ်ပုံတော့မရပါ။

'မထိနဲ့...ဘယ်သူလဲ'

ပင်လယ်ကသူ့ကိုခုံတစ်လုံးမှာထိုင်စေပြီး..
လည်ပင်းအစ်မတတ်လွယ်ထားတဲ့အိတ်ကိုချွတ်ပေးရင်း အဲဒီလူကိုသေချာကြည့်မိတော့မှ အံ့သြသွားခဲ့၏။

'ဟင်....ဇေယျ'

အဲဒါ ကျောင်းတုန်းကသူ့သူငယ်ချင်းဇေယျဆိုတဲ့တစ်ယောက်ပါ။
နာမည်ခေါ်သံကြားတာနဲ့ ထိုလူကလည်း ကျိုးနေတဲ့ခေါင်းထ,ထောင်လာပြီး ဗလုံးဗထွေးနဲ့မေးသည်။

'ဘယ်..သူ..လဲ.....ငါ့နာမည်ကိုခေါ်တာ...ဘယ်ကအကောင်လဲကွ...'

'သတိထားစမ်းပါဦး...ငါလေ...ပင်လယ်...မင်းသူငယ်ချင်း...နေပင်လယ်လေ...'

အဲဒီတော့မှ ထိုလူကပင်လယ်ရှိရာကိုသေချာပြူးပြဲကြည့်ပြီးရယ်တော့သည်။

ပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင် Where stories live. Discover now