(15)

335 18 0
                                    

အ​မှောင်​​ကြောက်​သည့်​ပင်​လယ်

အထုပ်​ကို​ခေါင်​မိုးထပ်​မှာထားခဲ့ပြီး...ပြန်​ဆင်းလာ​သောစည်းကို​ပင်လယ်ကအဝင်ပေါက်မှာရပ်စောင့်နေ၏။
လက်ထဲမှာတော့​ပုဆိန်တစ်​လက်​ကိုင်လျက်သားလေး။
လှေကားပေါ်ကနေဆင်းလာတဲ့စည်း'ရဲ့လက်ထဲပုဆိန်ကိုသွားထည့်ပြီးအသံမထွက်ဘဲ...မေးကိုငေါ့သည်။
ယူလိုက်​'ဆိုသည့်​သဘော။
ပါးစပ်ကစကားတစ်ခွန်းမှဟမလာဘဲ အမူရာနဲ့ခိုင်းနေတဲ့ထိုကောင်လေးကိုစည်းကဘုကြည့်​ကြည့်​ကာ...
ပုဆိန်ကိုယူ၏။

"ဘာလဲ...ဒါက..."

ယူလိုက်ပြီးမှမေးတာဖြစ်ပေမယ့်...
ပင်လယ့်ေ​​နာက်​လက်​တစ်​ဖက်​မှာ​ကိုင်ထားတဲ့ငါးမြှားချိတ်​နှင့်​ဘာမှမပါ​သော​ရေခဲပုံးတစ်လုံးကိုမြင်တော့ ငါးမျှားဖို့လုပ်နေတာလို့ထင်သွားသည်။

'သွားကြမယ်​၊ မင်းကထင်းတွေခွဲရမှာ၊
ဒီညငါးရဖို့အရေးကြီးလို့...ငါကငါးမျှားရမယ်"

ငေါင်စင်းစင်းနဲ့ထွက်သွားတဲ့ပင်လယ့်နောက်ကိုပဲသူလိုက်နေဖြစ်ရင်း
ခပ်ရွယ်ရွယ်သစ်လုံးတွေကိုတောင်လိုစီပုံထားတဲ့မြေကွက်လပ်လေးဆီရောက်ခဲ့သည်။
ခွဲလက်စထင်းစထင်းနတွေကပြဲသလဲနေပြီး
မခွဲရသေးတာတွေကလည်းအများကြီးမို့...
စည်း'အနည်းငယ်တော့မျက်ခုံးလှုပ်မိသည်။
သူ...အဲဒီလိုအလုပ်တွေမျိုးမလုပ်ဖူးဘဲကိုး။

ထင်းဘယ်လိုခွဲရမှာလဲလို့တွေးနေရင်းချွေးတောင်ပျံ၏။
ဒုက္ခပါပဲ...
ဘယ်လိုလုပ်ရမလဲ၊
ငါထင်းမခွဲတတ်ဘူးလို့ပွင့်ပွင့်လင်းလင်းပြောလိုက်ရမလား။
မေးလိုက်ရင်လည်းအထင်သေးသွားဦးမှာ...
မလုပ်ချင်ဘူးလို့ငြင်းပြီးမလုပ်ပြန်ရင်လည်းမကောင်းဘူး။
ခုနတုန်းက ဧည့်သည်လာလုပ်တာမဟုတ်ဘဲနဲ့
ဘဝအတွေ့အကြုံကိုအပြောင်းလဲလေးဖြစ်အောင်ပြန်လာခဲ့တာလို့ပြောခဲ့မိတာကိုယ်ပဲမို့...ခက်ချေပြီ။

တတ်သမျှမှတ်သမျှလုပ်ကြည့်ဖို့တွေးနေရင်း...
လက်ထဲကပုဆိန်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားမိသည်။
သူ...တစ်​ကြိမ်​မှထင်းမခွဲဖူး​ပေမယ့်...မြင်ဖူးတာတော့မြင်ဖူးတာမို့သိပ်​ခက်​မည်​မထင်...။

ပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင် Where stories live. Discover now