ဇာတ်လမ်းအကျဉ်း

39K 1.6K 20
                                    

Unicode

တစ်နေ့မှာတော့ Ni AnAnဟာ သူဖတ်ခဲ့ဖူးတဲ့ စာအုပ်ထဲက ဗီလိန်ဇာတ်ကောင်ရဲ့ မွေးစားညီမအဖြစ်နဲ့ အဲ့ဒီ၀တ္ထုထဲကို ရောက်သွားတယ်။

ဝတ္ထုထဲမှာ ဗီလိန်ဖြစ်တဲ့ မွေးစားအစ်ကိုက အောင်မြင်တဲ့စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ယောက်။ ဒါပေမဲ့ အခုလို အောင်မြင်လာအောင် ညစ်တီးညစ်ပတ်ကျတဲ့ နည်းလမ်းတွေကို နောက်ကွယ်မှာ အကြိမ်ကြိမ်သုံးခဲ့ရပါတယ်။

ဒီလို ဒုစရိုက်မှုဆန်ဆန် မရိုးသားတဲ့အလုပ်တွေကို ကိုင်တွယ်ဖြေရှင်းရသူကတော့ Ni AnAnပေါ့။ အဲ့ဒီလို လိုက်ဖက်ညီလွန်းတဲ့ သူတို့မောင်နှမနှစ်ယောက်ဟာ တီဗီ၊ ဇာတ်လမ်းတွေထဲက ကြောက်စရာကောင်းအောင် ဖန်တီးပုံဖော်ထားတဲ့ "နတ်ဆိုး"တွေနဲ့ မခြားနားပါဘူး။

Ni AnAnအတွက် ပိုဇာတ်နာရတာက သူမဟာ ဝတ္ထုထဲက ဇာတ်လိုက်မင်းသားရဲ့ အာရုံစိုက်တာကို ရချင်တဲ့အတွက် မင်းသားနောက်ကို အရှက်မရှိတကောက်ကောက်လိုက်ပြီး ကလိန်ကျတဲ့နည်းလမ်းတွေကို သုံးဖို့ဝန်မလေးတဲ့သူ၊ အစ်ကိုဖြစ်သူရဲ့ စီးပွားရေး လျို့ဝှက်ချက်တွေကို မင်းသားဆီပြောပြခဲ့တဲ့ သစ္စာဖောက်၊နောက်ဆုံး တစ်ယောက်တည်း အထီးကျန်ပြီး ဆင်းဆင်းရဲရဲနဲ့ ဇာတ်သိမ်းမလှခဲ့တဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်နေတာပါဘဲ။

ဒီလို အဆုံးသတ်မလှတဲ့ ဇာတ်ကောင်ရဲ့ ကံကြမ္မာကို Nie AnAnတစ်ယောက် ပြောင်းလဲနိုင်မလားဆိုတာကတော့.....

မူရင်း တရုတ်ဝတ္ထုမှာ အပိုင်း (၄၄)ပဲရှိပေမဲ့ အင်္ဂလိပ်ဘာသာပြန်သူက အပိုင်း (၁၂၉)ပိုင်းအထိ ခွဲပြန်ထားတာကြောင့် မြန်မာဘာသာပြန်ကိုလည်း (၁၂၉) ပိုင်း ခွဲပြန်သွားပါမယ်။

📢 ဒီဝတ္ထုက Translation ဆိုပေမဲ့ ပထမဆုံးပြန်တဲ့ ဝတ္ထုလည်းဖြစ်နေတော့ မြန်မာလိုဖတ်ရတာအဆင်ပြေအောင် လုပ်လိုက်တာ လက်လွန်သွားပါတယ် 😥
အဲ့ဒါကြောင့် Story description မှာကတည်းက "Warning : မြန်မာပြုတာလက်လွန်သွားလို့ သည်းခံဖတ်ပေးကြပါရှင်😅" လို့ တစ်ခါတည်း ထည့်ရေးထားခဲ့ရတာပါနော်။💕💕💕

* * *

Zawgyi

တစ္ေန့မွာေတာ့ Ni AnAnဟာ သူဖတ္ခဲ့ဖူးတဲ့ စာအုပ္ထဲက ဗီလိန္ဇာတ္ေကာင္ရဲ့ ေမြးစားညီမအျဖစ္နဲ႔ အဲ့ဒီ၀တၴုထဲကို ေရာက္သြားတယ္။

ဝတၴုထဲမွာ ဗီလိန္ျဖစ္တဲ့ ေမြးစားအစ္ကိုက ေအာင္ျမင္တဲ့စီးပြားေရး လုပ္ငန္းရွင္ႀကီးတစ္ေယာက္။ ဒါေပမဲ့ အခုလို ေအာင္ျမင္လာေအာင္ ညစ္တီးညစ္ပတ္က်တဲ့ နည္းလမ္းေတြကို ေနာက္ကြယ္မွာ အႀကိမ္ႀကိမ္သံုးခဲ့ရပါတယ္။

ဒီလို ဒုစရိုက္မႈဆန္ဆန္ မရိုးသားတဲ့အလုပ္ေတြကို ကိုင္တြယ္ေျဖရွင္းရသူကေတာ့ Ni AnAn ​ေပါ့။ အဲ့ဒီလို လိုက္ဖက္ညီလြန္းတဲ့ သူတို႔ေမာင္ႏွမႏွစ္ေယာက္ဟာ တီဗီ၊ ဇာတ္လမ္းေတြထဲက ေၾကာက္စရာေကာင္းေအာင္ ဖန္တီးပံုေဖာ္ထားတဲ့ "နတ္ဆိုး"ေတြနဲ႔ မျခားနားပါဘူး။

Ni AnAnအတြက္ ပိုဇာတ္နာရတာက သူမဟာ ဝတၴုထဲက ဇာတ္လိုက္မင္းသားရဲ့ အာရံုစိုက္တာကို ရခ်င္တဲ့အတြက္ မင္းသားေနာက္ကို အရွက္မရိွတေကာက္ေကာက္လိုက္ၿပီး ကလိန္က်တဲ့နည္းလမ္းေတြကို သံုးဖို႔ဝန္မေလးတဲ့သူ၊ အစ္ကိုျဖစ္သူရဲ့ စီးပြားေရး လ်ိဳ႕ဝွက္ခ်က္ေတြကို မင္းသားဆီေျပာျပခဲ့တဲ့ သစၥာေဖာက္၊ေနာက္ဆံုး တစ္ေယာက္တည္း အထီးက်န္ၿပီး ဆင္းဆင္းရဲရဲနဲ႔ ဇာတ္သိမ္းမလွခဲ့တဲ့ ဇာတ္ေကာင္တစ္ေယာက္ျဖစ္ေနတာပါဘဲ။

ဒီလို အဆံုးသတ္မလွတဲ့ ဇာတ္ေကာင္ရဲ့ ကံၾကမၼာကို Nie AnAnတစ္ေယာက္ ေျပာင္းလဲႏိုင္မလားဆိုတာကေတာ့.....

မူရင္း တရုတ္ဝတၴုမွာ အပိုင္း (၄၄)ပဲရိွေပမဲ့ အဂၤလိပ္ဘာသာျပန္သူက အပိုင္း (၁၂၉)ပိုင္းအထိ ခဲြျပန္ထားတာေၾကာင့္ ျမန္မာဘာသာျပန္ကိုလည္း (၁၂၉) ပိုင္း ခဲြျပန္သြားပါမယ္။

📢 ဒီဝတၴုက Translation ဆိုေပမဲ့ ပထမဆံုးျပန္တဲ့ ဝတၴုလည္းျဖစ္ေနေတာ့ ျမန္မာလိုဖတ္ရတာအဆင္ေျပေအာင္ လုပ္လိုက္တာ လက္လြန္သြားပါတယ္ 😥
အဲ့ဒါေၾကာင့္ Story description မွာကတည္းက "Warning : ျမန္မာျပဳတာလက္လြန္သြားလို႔ သည္းခံဖတ္ေပးၾကပါရွင္😅" လို႔ တစ္ခါတည္း ထၫ့္ေရးထားခဲ့ရတာပါေနာ္။💕💕💕

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now