ငါနောက်နေ့အလုပ်စလုပ်ရတော့မယ်ဆိုတာကလည်းငါ့အတွက်ပြသနာမဟုတ်ခဲ့ဘူး...
နောက်ဆုံးအဲ့ငရဲခန်းလိုအိမ်ကနေ ငါလွတ်မြောက်လာခဲ့ပီလေ...ဒီတစ်ခုနဲ့တင်ငါပျော်ပျော်ကြီးနေနိုင်နေပီ...
.... ဒါပေမဲ့..."ငါမင်းကိုသေချာပြောလိုက်ပါတယ်... မင်းရဲ့အသက်ရူသံကိုတောင်မကြားရတဲ့အထိ တိတ်ဆိတ်နေတဲ့ကြွက်တစ်ကောင်လို ပြသနာမရှာဘဲနေဖို့ကိုလေ..."
အဲ့လူရဲ့ပါးစပ်ကနေပြောလိုက်တယ်...
ငါ့ကိုကြည့်နေတဲ့သူ့ရဲ့အကြည့်တေွက အရမ်းကိုရွံဖို့ကောင်းတဲ့အမှားတစ်ခုကိုကြည့်နေတာနဲ့တူနေခဲ့တယ်..."အိမ်ရေှ့စံပြန်ရောက်တဲ့အထိမ်းအမှတ် ဂုဏ်ပြုစားပွဲမှာ မင်းကရူးနေတဲ့ခေွးတစ်ကောင်လိုပြုမူခဲ့တယ်လုိ့ငါကြားတယ်... "
ငါ့ကိုသေစေချင်တဲ့အဲ့ အေးစက်စက်အကြည့်တေွကိုငါအရမ်းရင်းနှီးနေခဲ့တယ်...အဲ့ဒါကငါဟိုအိမ်ကနေအမြဲရနေကြအကြည့်တေွလိုဘဲ...ဘာပဲဖစ်ဖစ်
ငါအမြဲတမ်းကြံုနေကြဆိုပေမဲ့လည်း ငါလုံးဝအဆင်ပြေမနေပါဘူး..."အဲ့လိုလုပ်ရတဲ့ မင်းရဲ့ရည်ရွယ်ချက်ကဘာလဲ? "
အဲ့လူရဲ့အရှိန်အဝါတေွကြောင့် ငါအသက်မရူနိုင်တဲ့အထိဘဲ၊ ငါ့ရဲ့နှုတ်ခမ်းတေွဟာကြောက်ရွံမှုကြောင့်တုန်ခါစပြုလာတယ်...
...အဲ့အချိန်မှာဘဲ...
အဖြူရောင်ကားချပ်တစ်ခုကငါ့မျက်နှာရေှ၏့မှာပေါ်လာတော့တယ်... အဲ့ကားချပ်တေွမှာစာတေွရေးထားတာကိုမြင်နေရတယ်....
1.(ငါဘယ်လိုလုပ်သိမှာလဲ)
2.(ကျမမှာဘာရည်ရွယ်ချက်မှမရှိပါဘူး)
3.(အင်း...အဲ...အဲ့ဒါက...ဘာပါလိမ့်...)
ဒါတေွကဘာတေွလဲလို့ငါမေးလိုက်ချင်ပေမဲ့... ငါ့ရဲ့လည်ချောင်းမှာတစ်ခုခုတစ်ဆို့နေသလိုမျိုးငါ့ရဲ့အသံတေွကထွက်မလာခဲ့ဘူး...
ငါကဘာစကားမှမပြောဘဲရပ်နေတဲ့အခါ အဲ့လူကငါ့ကိုခြိန်းခြောက်တဲ့အသံနဲ့ပြောလာခဲ့တယ်...
"မင်းစကားပြောရင်ကောင်းမယ်..."
ကားချပ်ပေါ်ကစကားလုံးတေွအတိုင်း ငါ့ပါးစပ်ကငါ့ဆန္ဒမပါဘဲအလိုလိုထွက်လာခဲ့တယ်...
YOU ARE READING
DITOEFV
RomanceGameဆော့ရင်းနဲ့အိပ်ပျော်သွားတဲ့ကောင်မလေးတစ်ယောက်က အိပ်ရာကနိုးလာတဲ့အချိန်မှာ သူဆော့နေတဲ့gameရဲ့ hard moodကvillianဖြစ်နေပါသတဲ့... လက်တေွ့ဘဝမှာရော gameထဲမှာပါပစ်ပယ်ခံထားရတဲ့ဘဝမျိုးဖြစ်နေတဲ့အပြင် gameထဲကတခြားဇာတ်ကောင်တေွရဲ့အာရုံစိုက်မှုကိုရယူနိုင်ပြီး...