Chapter.66(U&Z)

747 137 4
                                    

Unicode.

Duke ကစိုးရိမိနေတဲ့မျက်ဝန်းတွေနဲ့ တည်တည်ငြိမ်ငြိမ်မေးလာခဲ့တယ်၊

Dukeရဲ့တုန့်ပြန်မှုကို မရင်းနှီးတာကြောင့် ငါကို့ရို့ကားရားပြုံးလိုက်မိတယ်၊

'' အဖေ့ကိုစိတ်ပူစေမိတဲ့အတွက် တောင်းပန်ပါတယ်၊အဲ့တာကတစ်ခဏအတွင်း​ြဖစ်သွားရုံ... ''

'' သူတို့ကဘယ်လိုတောင်လုပ်ရဲတာလဲ ''

ငါအာလုံးအဆင်ပြေတာကြောင့် စိတ်သက်သာရာရသွားတဲ့အခြေနေကနေ Dukeရဲ့ဒေါသတွေကပေါက်ကွဲထွက်လာခဲ့တယ်၊

'' ငါအိမ်ကိုရောက်တာနဲ့ တပ်သားတွေကိုတစ်ခါတည်းလွှတ်လိုက်မယ်၊ကျန်နေတဲ့ကောင်​ေတွကိုဖမ်းမယ်၊အရိုးတွေကိုတစ်ချောင်းချင်းချိုးပစ်ပြီးနေလှန်းပစ်... ''

'' အဖေ...အဖေ.. ''

ဒီအတိုင်း Dukeကကပွဲခမ်းမအရှေ့မှာရပ်ပြီး
တိုင်းပြည်အသစ်ကကျန်ရှိနေသေးတဲ့သူတွေကို ဘယ်လိုသုတ်သင်မလဲဆိုတဲ့သူ့ရဲ့အစီစဥ်တွေကိုရှင်းပြနေခဲ့တယ်၊

အဲ့တာကြောင့် အလွန်အကြွံမဖြစ်ခင် သူ့ရဲ့စကားကိုဖြတ်ပြီး နူးနူးည့ံည့ံလေးခေါ်လိုက်တယ်၊

''ကျွန်မအရမ်းပင်ပန်းနေပြီ၊ကျွန်မမြန်မြန်လေးနားချင်တယ် ''

'' ကောင်းပြီ ​အဖေလည်းအဲ့လိုပဲတွေးတယ်၊သွားကြမယ်၊အဲ့တာကလေးတယ်မကိုင်ထားနဲ့ အဖေ့ကိုဒူးလေးပေး... ''

ကံကောင်းချင်တော့ Dukeကငါ့ရဲ့စကားကို မြန်မြန်ဖြည့်ဆည်းပေးခဲ့တယ်၊

ဒါပေမဲ့ ဒူးလေးကို Dukeသယ်တာကိုလွှတ်ထားလိုက်ဖို့တကယ်မရည်ရွယ်ထားဘူး၊

'' ကျွန်မကိုင်ထားလိုက်ပါ့မယ်၊သခင်မလေး ကျွန်မကိုပေးပါ... ''

ငါသယ်ထားနေရင်း Emilyက အချိန်ကိုက်ပြောလာခဲ့တယ်၊

'' ကျေးဇူးပဲEmily ငါသေတော့မလိုပဲအဲ့တာကအရမ်းလေးတယ်... ''

ငါသဘောကျတဲ့အပြုံးလေးနဲ့ ဒူးလေးရဲ့စလွယ်ကြိုးကိုဖြေလိုက်တယ်၊

အဲ့တာကို ဘယ်အချိန်လွယ်ထားလိုက်လဲမသိတော့ပေမဲ့ အဲ့တာကိုလက်လွှဲလိုက်ပြီးတဲ့နောက် အရမ်းကိုစိတ်သက်သာရာရသွားတော့တယ်၊

DITOEFVWhere stories live. Discover now