Chapter.21

1K 173 1
                                    

'ဘ... ဘာတေွလဲ... အဲ့တာဘာတေွ...'

ငါရုတ်တရက်လန့်သွားမိတယ်၊

ဟိုင်အီးနားကောင်တေွက ရက်အတော်ကြာအငတ်ခံထားရတဲ့ပုံနဲ့သွားရည်တများများကျနေပြီး​ နေရာမှာဘဲရပ်နေတဲ့ Ecliseရဲ့နားကိုလျေှာက်လာကြတယ်၊ လှုပ်ရှားမှုအများကြီးမလူပ်နိုင်အောင်​ကန့်သတ်ခံထားရတယ်၊

သူ့ကိုပေးထားတာဆိုလို့သစ်သားဓားတစ်ချောင်းပဲရှိတာ၊ အားလုံးခြံုကြည့်ရရင် သူကခန္ဓာကိုယ်အောက်ပိုင်းမှာ အဝတ်အပိုင်းတစ်ခုဝတ်ထားတာကလွဲလို့ တခြားဘာမှမဝတ်ထားဘူး၊ ဘာအကာကွယ်မှမရှိဘူး၊

'ဒါကလွန်လွန်းသွားပြီ'
ငါ့နှလုံးသားခုန်လေးပြုတ်ကျသွားတယ်၊ သူတို့ရဲ့ရည်ရွယ်ချက်က Eclise​ကိုဟိုင်အီးနားကောင်တေွစားသွားတာကိုမြင်ချင်နေတာဘဲ၊
'ငါဘာလုပ်ရမလဲ...'

သူဘာမှမဖြစ်ခင် ငါဝယ်မယ်လို့အော်ပြောလိုက်ရမလားလို့စဥ်းစားမိတယ်၊

"ဂရား..."

အဲ့​အချိန်မှာ​အကြီးဆုံးဟိုင်အီနားအကောင်က​Ecliseကိုခုန်အုပ်လိုက်တယ်၊ တချိန်တည်းမှာဘဲ Ecliseကသူ့ရဲ့ကိုယ်ကိုနှိမ့်လိုက်ပြီး သစ်သားဓားရှိတဲ့နေရာကိုလှိမ့်ချလိုက်တယ်၊ ပြီးတော့​အဲ့ဒီဟိုင်အီးနားရဲ့မျက်လုံးကို အလျှင်အမြန်ထိုးချလိုက်တယ်၊
သူကအဲ့အကောင်ကို ကန်ချက်တစ်ခုနဲ့အဆုံးသတ်လိုက်တော့တယ်၊

'ရာ း...'

ဟိုင်အီးနားကအော်ရင်းနဲ့ကြမ်းပြင်ပေါ်ကျသွားခဲ့တယ်၊သိပ်မကြာခင်ဘဲ​အဲ့အကောင်ကအသိစိတ်မဲ့ပြီး ငြိမ်ကျသွားတော့တယ်၊

"အား..."

ငါ့ရဲ့အော်ဟစ်မိလိုက်တယ်၊ သူကအဲ့အကောင်တေွနဲ့တစ်ကောင်ချင်းတိုက်နိုင်တယ်ဆိုရင်တောင် တချိန်တည်းနဲ့အများကြီးကိုတော့ထိန်းနိုင်ဖို့မလွယ်ဘူး၊
ဒါပေမဲ့လည်းငါ့ရဲ့စိုးရိမ်စိတ်တေွအားလုံးကို​ပြောင်းလဲသွားစေခဲ့တယ်၊

Eclise​က​ ထိန်းချုပ်ခံထားရတဲ့အခြေနေမှာတောင် ဟိုင်အီးနားတေွရဲ့​ချွန်ထက်တဲ့သွားတေွ၊ လက်သည်းတေွနဲ့ တိုက်ခိုက်လာသမျှကိုရေှာင်နိုင်ခဲ့တယ်၊
သစ်သားဓားတစ်ခုတည်းနဲ့နော်

DITOEFVWhere stories live. Discover now