Chapter.43(U&Z)

865 165 4
                                    

Unicode.

ပန်းရောင်ဆံပင်နဲ့လူတစ်ယောက်က ဒီတိုင်းတံခါးဖွင့်ဝင်လာပြီး ငါနဲ့အကြည့်ချင်းဆုံသွားခဲ့တယ်၊

'' မင်းကဘာလို့ဒီမှာလဲ ''

ငါဆိုတာကိုသိသွားတဲ့နောက် Rennaldကခြေဟန်လက်ဟန်လုပ်တာကိုရပ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်တယ်၊

' ငါကရော နင့်ကိုတွေ့တာပျော်နေတယ်များထင်နေတာလား '

ငါသူ့ရဲ့ခေါင်းပေါ်ကိုကျော်ကြည့်လိုက်ပြီး အေးအေးဆေးဆေးပြန်ဖြေလိုက်တယ်၊

'' ငါကဒီနေရာကို အိမ်တော်ထိန်းလိုက်ပြလို့ရောက်နေတာ ''

'' ငါအဲ့တာကိုပြောနေတာမဟုတ်ဘူး ''

Rennald ငါ့ကိုလှမ်းကြည့်နေရာကနေ ငုံကြည့်လိုက်ပြီး ရယ်လိုက်တယ်၊

'' သုံးလွှာကိုမင်းဖွင့်လိုက်တာမလား... ''

' ဘုရားရေ...ဘယ်သူ့ကိုလာမေးနေတာလဲ '

မမြင်ရတဲ့အတွင်းစိတ်ထဲမှာတော့ ငါသူ့ကိုအပြုံးလေးနဲ့ ဖျတ်ရိုက်လိုက်ပြီ၊

'' သွားလာခွင့်ပိတ်ပင်ထားတာကို ဒီနေ့ပြောင်းလဲလိုက်ပြီ၊ငါ့အဖေကငါ့ကိုခွင့်ပြုပေးခဲ့တာ ''

'' ေအာ်...အဲ့တာကြောင့် အဖေကရုတ်တရက်ငါမသုံးတော့တဲ့ထပ်ခိုးအကြောင်းမေးတာ... ''

'' ဒါဆို နင်ကဘာလို့ဒီကိုရောက်နေရတာလဲ ''

'' ငါကတချို့အရူးတွေလို ပိတ်ပင်ခံထားရတာမဟုတ်ဘူး ''

သူကထေ့ငေါ့ရင်းလမ်းလျှောက်လာခဲ့တယ်၊ပုံစံကမျက်မှောင်ကြုတ်နေခဲ့တယ်၊ငါ ကြိုဆိုချင်စရာမရှိတဲ့ ဖိတ်မထားတဲ့ဧည့်သည်ကြောင့် စိတ်အနှောင့်ယှက်မဖြစ်ချင်ဘူး၊
ငါသေလောက်အောင် စိတ်တိုနေပြီ...

'' ငါအရင်ရောက်တာ ''

ဒါကြောင့် ငါ့နေရာနဲ့ဝေးဝေးမှာသွားနေဖို့ပြောချင်တယ်၊ဒါပေမဲ့ အဲ့အကောင်က နားထောင်မဲ့သူမျိုးမဟုတ်ဘူး၊

'' ဘယ်သူကဘာပြောနေလို့လဲ ''

Rennald ကထပ်ခိုးထဲကိုဝင်လာပြီး အကွာအဝေးတောင်မခြားဘဲ မွှေးပွဆိုဖာခုံမှာလှဲလိုက်တယ်၊
​ခြေပစ်လက်ပစ်လှဲနေရင်း စင်းကျနေတဲ့မျက်လုံးတွေနဲ့ငါ့ကိုကြည့်လာခဲ့တယ်၊

DITOEFVWhere stories live. Discover now