Chapter.35(U&Z)

835 177 2
                                    

Unicode.

သူ့ရဲ့Interestတိုးလာခဲ့တယ်...သို့ပေမဲ့လည်း ငါတုံဆိုင်းမနေဘဲ တံခါးနားကိုသွားလိုက််တယ်၊

'' ဒါဆို ကျမသွားလိုက်ပါဦးမယ် ''

ဒါ့အပြင်သူ့အပေါ်တင်နေတဲ့အကြွေးတွေအတွက် ခုနကကျေးဇူးတင်လိုက်သေးတယ်၊

' ငါအိမ်ကိုအမြန်ပြန်ပြီး စာရွက်ပေါ်မှာတစ်ခုခုကိုဖြတ်ချပစ်မှဖြစ်မယ် '

ငါကတံခါးကိုဖွင့်နေပြီ ဒါပေမဲ့အဲ့အချိန်မှာ...
ကလစ်ခ်~~အဲ့တာကစဖွင့်တဲ့အချိန်မှာဘဲ ပြန်အပိတ်ခံလိုက်ရတယ်၊

' ဟမ် '

ငါ့ရဲ့ခေါင်းပေါ်ကလက်မောင်းတစ်ဖက်ကိုတွေ့လိုက်ရတဲ့အခါ ငါ့မှာပျာယာခတ်သွားရတယ်၊သူ့ရဲ့လက်ကတံခါးကိုတွန်းထားတယ်၊
အဲ့လူကငါ့ရဲ့နောက်ကိုမြန်မြန်ဘဲချဥ်းကပ်လာခဲ့ပြီး သူ့ရဲ့လက်မောင်းနဲ့တံခါးကိုပိတ်ထားခဲ့တယ်၊
ငါက သူနဲ့တံခါးကြားညပ်နေခဲ့တယ်၊

'' Lady ''

အသံတိုးတိုးလေးကအခန်းထဲမှာမြည်ဟီးသွားခဲ့တယ်၊ငါရောက်နေတဲ့အနေအထားအရ ငါပျာယာခတ်နေတာကိုပါမြင်နေရတယ်၊

'' ဘာ...ဘာလဲ...ရှင့်မှာပြောစရာရှိနေသေးလို့လား ''

Vinterကခဏလောက်ငြိမ်သက်ပြီးမှပြန်ဖြေလာခဲ့တယ်၊

'' ကို့အစားကလေးတွေကိုကြည့်ပေးတဲ့အတွက် အကူညီပြန်ပေးချင်တယ် ''

'' ရပါတယ်...ကျမကပထမနေရာကိုဝင်ဖို့အစီစဥ်မရှိ...  ''

'' ကိုကပေးစရာအကြွေးရှိရင်မနေတတ်တဲ့လူမျိုး ''

သူကစကားပြောတဲ့အခါ သူ့ရဲ့ခေါင်းကိုနှိမ့်ပြီးပြောနေတယ်၊အခုတော့ မျက်နှာဖုံးနှစ်ခုကအတော်လေးနီးကပ်နေခဲ့ပြီ၊

' ငါ့ပါးစပ်ကိုလုံအောင်ထိန်းဖို့ သူချိန်းခြောက်နေတာများလား '

ငါ့အာခေါင်တွေခြောက်သလိုခံစားလာရတယ်၊သူဒီလိုမလုပ်လဲငါက ငါ့ပါးစပ်ကိုသေချာထိန်းထားမှာပါ၊သူနဲ့လည်းပတ်သတ်ဖို့ဆန္ဒမရှိတော့တာမလို့...

ငါ့အနောက်ကတံခါးကိုမှီလိုက်ပြီး သူနဲ့တော်တော်လေးဝေးသွားအောင်ကြိုးစားလိုက်တယ်၊ဒါပေမဲ့ စိတ်အေးအေးနဲ့ သက်တောင့်သက်သာဖြစ်နေပြီး သူ့ကိုစိတ်မဝင်စားသလို ပုခုံးကိုတွန့်လိုက်တယ်၊

DITOEFVWhere stories live. Discover now