Chapter.41(U&Z)

844 150 8
                                    

Unicode.

'' ခွီးး ''

အချိုပွဲလာချပေးတဲ့မိန်းမက စားထားပုံမပေါ်တဲ့ငါမထိရသေးတဲ့အစားစာတွေကိုကြည့်ပြီး ရယ်လိုက်တယ်၊သူမက ငါ့ရဲ့နားထဲကိုလေသံနဲ့ရယ်လိုက်တာကြောင့် ငါတစ်ယောက်တည်းကြားလိုက်ရတယ်၊ငါတို့မျက်လုံးချင်းစုံသွားခဲ့တယ်၊သူမရဲ့မျက်လုံးတွေက လှောင်ရယ်မှုတွေနဲ့ပြည့်နေခဲ့ပြီး
ဟာသတစ်ခုကြောင့် စိတ်ထဲမှာ သေမလောက်အူမြူးနေတယ်

'' အော်...ေဟာ...ရှင်က ကစားချင်တာပေါ့လေ ''

သူမထွက်မသွားခင် ငါအသေးဆုံးဇွန်းကို စားပွဲပေါ်ကနေအမြန်တွန်းချလိုက်တယ်၊

ချလွမ်~~~စတီးဇွန်းက စကျင်ကျောက်ကြမ်းခင်းတွေနဲ့ထိရောက်ပြီး ရှင်းလင်းပြတ်သားတဲ့အသံတစ်ခုပြုလုပ်လိုက်တယ်၊ထမင်းစားခန်းကလူတွေရဲ့မျက်လုံးတွေအကုန် ငါ့ဆီလှည့်လာကြတယ်၊

'' အိုး...တောင်းပန်ပါတယ်.. ကျမလက်ချော်သွားလို့''

'' ... ''

'' ကျမကိုကောက်ပေးလို့ရမလား ''

ငါကြမ်းပြင်ကိုကြည့်ပြီး တောင်းတောင်းပန်ပန်ပြောလိုက်တယ်၊ Mrs.Donna ကငါ့ရဲ့မထင်မှတ်ထားတဲ့အပြုအမူအပေါ် အေးအေးဆေးဆေးငြိမ်နေခဲ့တယ်
သူမကြည့်ရတာဒီလိုဆက်ဆံခံရတာနဲ့ ရင်းနှီးနေသလိုဘဲ၊သူမကဒါနဲ့ပတ်သတ်ပြီးဘာမှမလုပ်ခဲ့ဘူး

'' သေချာတာပေါ့...စိတ်မပူပါနဲ့သခင်မလေး ''

တကယ်လို့Penelopeသာဆိူရင် Mrs.Donnaရဲ့ခေါင်းပေါ်ကို ဇွန်းကိုပစ်ချလိုက်တော့မှာ၊

' မဟုတ်ဘူး အဲ့ဒါကငါ့ကိုစိုးရိမ်စရာဖြစ်စေလိမ့်မယ် '

ငါ့ကိုယ်ငါ ရဲတင်းစေလိုက်တယ်၊
ငါအိမ်တော်ထိန်းဆီကသိခဲ့ရတာ Penelopeကမဖိတ်ခေါ်ထားတဲ့ဧည့်သည်မဖြစ်ခင် ဒီမိန်းမကြီးက Dukeအတွက်အစားစာခင်းကျင်းတိုင်းပါဝင်ရတဲ့သူဖြစ်တယ်၊တနည်းပြောရရင် တခြားသူတွေမဟုတ်ဘူး ဒါပေမဲ့ဒီလိုအနေအထားအတွက် သူမကအပြစ်တင်ခံရတော့မှာ၊

Penelope 'မိသားစု'ဆိုတဲ့ ပျော်ရွှင်ဖွယ်စကားဝိုင်းကထွက်သွားကတည်းက မိသားစုထမင်းဝိုင်းဆိုတာအများကြီးမရှိခဲ့ဘူး၊သူမက ဒီလိုဖယ်ကြဥ်ခံရပြီး နာကျင်ရတဲ့နေရာမျိုးမှာ သည်းခံပြီးထိုင်နေဖို့ကိုတော်တော်လေးအားထုတ်ခဲ့ရမယ်၊

DITOEFVWhere stories live. Discover now