Chapter.54(U&Z)

807 143 5
                                    

Unicode.

အိမ်တော်ထိန်းဆီကနေ ညနေအထိဘယ်သူမှလေ့ကျင့်ရေးမရှိဘူးဆိုတာ အတည်ပြုပြီးတဲ့နောက် ငါစာအုပ်ကိုဖတ်နေရင်း နေဝင်ချိန်ကိုစောင့်နေလိုက်တယ်၊

'' ဟူး...ငါကဂိမ်းထဲကိုလည်းရောက်လာတယ်၊​ပြီး​ေတာ့ဘယ်နေရာမှာမှမရှိဖူးတဲ့ ဒူးလေးကိုလည်းလေ့ကျင့်ရမယ်... ''

အဲ့တာကစိတ်ရှုပ်ဖို့ကောင်းပြီး မမျှတဘူး ဒါပေမဲ့ငါလုပ်နိုင်တာဘာမှမရှိဘူး၊အိမ်ရှေ့စံဆီကချိန်းခြောက်ကိုရလိုက်တာမလို့ ငါ့ကိုယ်ငါဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို သိထားဖို့လိုတယ်၊

' သတင်းကောင်းကတော့ ငါပစ္စည်းကောင်းလေးရထားတယ်ဆိုတာပဲ '

Dukeစိုးရိမိနေသလိုမျိုး ငါ့ပေါ်ရဲတင်းလာမဲ့အမျိုးသမီးတွေကိုတော့မပစ်ဘူး ဒါပေမဲ့ ငါ့ကိုသတ်ဖို့ကြိုးစားမဲ့ အမျိုးသားတွေကိုတော့ ပစ်ပလိုက်မယ် ပြီးတော့သူတို့ကိုအလဲထိုးပစ်မယ်၊

အထူးသဖြင့်အန္တရာယ်အရှိဆုံးနဲ့ အကျွမ်းကျင်ဆုံးဖြစ်တဲ့ မင်းသားပဲ၊
တကယ်လို့ငါသာသူ့ကိုမှားပစ်မိရင်တော့ ငါကတော်ဝင်အကျဥ်းသားဖြစ်သွားပြီး သေခြင်းတရားနဲ့အဆုံးသတ်သွားတော့မှာ၊

ဒါပေမဲ့ကံကောင်းချင်တော့ သံပုတီးစေ့ကပေါက်ကွဲပြီးမှအကျိုးသက်ရောက်မှုဖြစ်တာဆိုတော့အဲ့နေရာမှာသက်သေတွေကျန်ခဲ့မှာမဟုတ်ဘူး၊ပြိးတော့ မှတ်ဉာဏ်တွေကလည်းပျောက်သွားဦးမှာ...

' ကောင်းလိုက်တာ '

ပူဖောင်းတွေနဲ့အတူ မူးမေ့ပြီးပျော့ခွေသွားမဲ့အိမ်ရှေ့စံကိုပုံဖော်ကြည့်နေရင်းငါလက်ခုပ်ထတီးမိလိုက်တယ်၊

' ဒါကပြန်လည်ခုခံမဲ့အစီစဥ်ပဲ '

ဒါက ပုဂ္ဂိုလ်ရေးခံစားချက်တွေနဲ့ရောထွေးထားတာလုံးဝမဟုတ်ဘူး၊ငါကိုယ်တိုင်လည်းတရားမျှတမှုအတွက်အစွမ်းကုန်ကြိုးစားခဲ့တာ...

ခဏအကြာမှာ နေဝင်သွားခဲ့တယ်၊ငါအမဲလိုက်ဝတ်စုံကို လဲဝတ်လိုက်ပြီးအပြင်ထွက်ဖို့အသင့်ပြင်လိုက်တယ်၊

Inca အင်ပါယာရဲ့တော်ဝင်အမျိုးသမီးတွေ အမဲလိုက်တယ်ဆိုတာက ဖြစ်ခဲတာကြောင့် အဝတ်စားတွေကိုခွဲခြားထားတာတော့မရှိဘူး၊
အဲ့တာကြောင့် ကြိုးသိုင်းဘောင်းဘီနဲ့ အသားကပ်ခြေအိတ်တွေကိုဝတ်လိုက်တယ်၊

DITOEFVWhere stories live. Discover now