Chapter .19

1K 198 1
                                    

"သေချာပေါက် ဒါကိုစမ်းကြည့်ရမှာပေါ့... ဟဟ.."

ကြိုးလိုဖြစ်အောင် တွဲချည်ထားတဲ့အိပ်ရာခင်းတေွကို ပြတင်းပေါက်ကနေပစ်ချလိုက်ရင်း မနေ့ကRennaldရေှ့မှာ မပြောလိုက်ရတဲ့စကားတေွကိုပါ ပွစိပွစိနဲ့ပြောနေမိတယ်၊

အဲ့​နောက်မှာ​ပြတင်းဘောင်ပေါ်ကိုတက်ဖို့ ရှိသမျှအားတေွနဲ့ ကိုယ့်ကိုယ်ကိုတွန်းတင်လိုက်တယ်၊
အဲ့တာအကုန်လုံးလုပ်ပြီးတော့​ ငါ့မှာမောလွန်းလို့အသက်ရှူတောင်မှားတဲ့အထိဘဲ၊

ဒီနေ့ကပွဲတော်ရဲ့ပထမဆုံးနေ့ဘဲ၊

မနေ့က​တနေ့လုံး Emilyငါ့ကို​ခစား ပြီးတဲ့အထိ​ကိုိ စိတ်ရှည်ရှည်စောင့်ခဲ့ရတယ်၊ ပြီးတာနဲ့ချက်ချင်းဘဲ​အိပ်ရာခင်းတေွကို ကြိုးတစ်ခေျာင်းလိုဖြစ်အောင် တူတူချည်လိုက််တယ်၊

ဒါကလွတ်မြောက်ဖို့အဖြစ်နိုင်ဆုံးလမ်းဘဲ၊

"ကဲ... လုပ်လိုက်ကြစို့..."

အသက်ရှူတာ ပုံမှန်ပြန်ဖြစ်လာတော့မှ ပြတင်းဘောင်ပေါ်ကနေထလိုက်တယ်၊ ငါဒီနေ့အပြင်ထွက်နိုင်ဖို့တော်တော်ကြိုးစားခဲ့ရတာ၊ငါကအပေါ်ဝတ်ရုံအထူကိုဝတ်ပြီး​ငါ့ရဲ့မျက်နှာနဲ့ဆံပင်ကိုကာထားလိုက်တယ်၊

ငါ​နဲ့အတူ​ ရေွှဒင်္ဂါးအနည်းငယ်နဲ့ ဟိုနေ့ကDukeဆီကဆုအနေနဲ့ရထားတဲ့ ချက်လတ်မှတ်ကိုပါယူလာလိုက်တယ်၊စံအိမ်ရဲ့ဒုတိယအထပ်မှာရှိနေတဲ့ ငါ့ရဲ့အခန်းကနေ အောင်အောင်မြင်မြင်ဆင်းနိုင်ဖို့ဘဲလိုတော့တယ်၊

"ဟား... ဘာလို့ငါ့မှာဘဲဒါတေွဖြစ်နေရတာလဲ"​

ငါညည်းတွားလိုက်ရင်း ပြတင်းပေါက်အောက်ကိုကြည့်ပြီး လှုပ်ရှားမှုကိုစလိုက်တယ်၊

ငါကြိုးကိုကိုင်ရင်း မြန်မြန်ဘဲလျေှာဆင်းလိုက်တယ်
ဒါကနှစ်ထပ်လောက်ဘဲလေ၊ ငါ့လှုပ်ရှားမှုသာအမှားရှိခဲ့ရင် ဒဏ်ရာရရုံလို့သာ သုံးသပ်ခဲ့မိတယ်၊

"​အားရှီး... "

ကြိုးအလျားကိုသတိထားမိတော့မှ အထိပ်တလန့်ဖြစ်သွားပြီးဒေါသကပါထွက်လာခဲ့တယ်၊ ငါ့အခန်းပြတင်းကိုပြန်ကြည့်လိုက်မိတော့ အကွာဝေးကအရမ်းကွာလွန်းနေတာကြောင့် အပေါ်ကိုပြန်တက်လို့မရပြန်ဘူး၊

DITOEFVWhere stories live. Discover now