Chapter.4

1.8K 198 4
                                    

*စဥ်းစားကြည့်ရင်... ဒါီဘဝက​သနားစရာကောင်းတဲ့ငါ့အတွက်တော့ ဘုရားပေးတဲ့ဆုလာဘ်ဘဲ...
ဘာပဲဖြစ်ဖြစ် အချိန်အကြာကြီးနေမှ ငါအဲ့ဒီအန္တရာယ်ရှိတဲ့အိမ် (မူရင်းအိမ်)​ကနေလွတ်မြောက်အောင်လုပ်နိုင်ခဲ့တာ၊၊
ကမ္ဘာပေါ်ကလူဆိုင်းသိတဲ့​ နာမည်ကြီး​တက္ကသိုလ်​ကလည်းငါ့ကိုလက်ခံခဲ့တယ်၊၊ ပြောင်းနေတဲ့အိမ်က​ နည်းနည်းညစ်ပတ်ပြီးသေးတယ်ဆိုပေမဲ့ ငါ့အတွက်တော့​ အကောင်းဆုံးအနားယူနိုင်တဲ့နေရာဘဲ...
ဟိုခေွးနှစ်ကောင်(အကိုတေွ)​ကို​ ချန်ထားခဲ့ပြီးနောက်မှာတော့ ငါ့ရဲ့ကောင်းမွန်တဲ့အနာဂတ်အတွက် ကောင်းမွန်တဲ့အရာတေွကလွဲလို့ ဘာမှမရှိတော့ဘူး၊၊
(သူ့အကိုတေွမရှိလို့သူ့ကိုနေှာင့်ယှက်မဲ့သူမရှိတော့ဘူး အဲ့လိုဆိုလိုတာပါ...)

Penelpoeရဲ့ဘဝ...ပြောချင်တာက အမှားသေးသေးလေးတေွကတောင် ငါ့ရဲ့သေဆုံးမှုကိုဖြစ်စေနိုင်တယ့်ဘဝ... ဒီ့ထက်ဆိုးဦး ကိစ္စမရှိဘူး၊၊
နောက်ဆုံး​ ငါဘယ်လိုဆုံးဖြတ်ပါစေ​  အမြဲ
ပန်းခင်းတဲ့လမ်းကိုလျေှာက်နိုင်တဲ့ ဇာတ်လိုက်ဖြစ်နေရင်တောင်​ ...

*ဒါပေမဲ့​ဘာလို့လဲ?? *

ဘာလို့ငါ့ကိုမှလဲ​  မကြာသေးခင်ကမှ ငရဲလိုအိမ်ကလွတ်လာတဲ့ငါ့ကိုမှလေ...

*တကယ်ဘာလို့များလဲ...??? *

ငါအော်ဟစ်ပြီးပေါက်ကွဲပစ်လိုက်တယ်၊၊
မှန်ထဲက ရောင်ပြန်ဟပ်နေတဲ့​မိန်းခလေးရဲ့မျက်နှာအမူအယာက​တကယ့်ကို  ကြောက်မက်ဖွယ်ပါပဲ၊၊

သူမကြည့်နေတဲ့အကြည့်က ဒေါသအပြင်းအထန်ထွက်နေပေမဲ့ ဝမ်းနည်းနေတဲ့ပုံပေါ်နေပြီး​ gameထဲက​
ဗီလိန်အကြီးစားပုံကို​  ပုံဖော်ထားတဲ့အတိုင်းဘဲ၊၊
ငါအကြီးကျယ်သက်ပ့င်းချလိုက်မိပြီး ငါ့ရဲ့လက်တေွနဲ့ ဆံပင်တေွကိုရှုပ်ပွအောင်​လုပ်နေမိတယ်၊၊
Penelopeနဲ့ပတ်သတ်တဲ့အရာတေွတေွးနေရင်းနဲ့ပေါ့...

Penelope Eckart... Gameရဲ့ဗီလိန်... Hard mood ရဲ့ဇာတ်လိုက်...
Penelope ဆိုတာ​ မျိုးရိုးနာမည်တောင်မရှိတဲ့​ သာမာန်မိန်းခလေးတစ်ယောက်ပဲ၊၊ သူမဟာ ဆင်းရဲလှတဲ့သူမရဲ့အမေနဲ့အတူ ကြီးပြင်း ခဲ့ရပြီး​ တနေရာမတနေရာလျေှာက်သွားနေရင်းက  ပျောက်ဆုံးသွားတဲ့အငယ်ဆုံးသမီးလေးကို အပြင်းအထန်ရှာနေတဲ့ Duke ရဲ့​ အာရုံစိုက်မှုကိုခံခဲ့ရတယ်၊၊

DITOEFVWhere stories live. Discover now