Chapter.63(U&Z)

744 138 4
                                    

Unicode.

အိမ်ရှေ့စံက ကျောချမ်းဖွယ်စိတ်လှုပ်ရှားမှုကို ပေးခဲ့တယ်၊

' စစ်ပွဲတွေရဲ့သူရဲကောင်းဆိုတာ စကားသပ်သပ်မဟုတ်ဘူးလို့ငါထင်တယ် '

သူက သားရဲတွေကိုရှင်းခဲ့သလိုမျိုး အနက်ဝတ်နဲ့လူတစ်စုကို ပစ်ထုတ်ပြီးရှင်းလင်းဖို့ အသင့်ဖြစ်နေခဲ့တယ်၊

သူကအရူးကောင်ဆိုတာ ငါသိတယ်၊ဒါပေမဲ့ သူကငါတွေးထားတာထက်တောင် ကြီးကျယ်ပြီး အန္တရာယ်ရှိပုံပေါ်နေခဲ့တယ်၊

အကြည့်နည်းနည်းနဲ့ သူများနည်းတူလုပ်နေတာတွေကိုကြည့်လိုက်တယ်၊

'' မင်းကသာ အသတ်ခံရမဲ့သူပဲ ''

တစ်ချိန်တည်းမှာပဲ သူ့မှာရှိတဲ့တချို့သောသတ္တိတွေကြောင့် ဒေါသတကြီးအော်လိုက်တယ်၊

'' ကြည့်...နောက်ကိုကြည့်... ''

သူကလက်ကိုကိုမြှောက်ပြီး ​ညွှန်ပြလိုက်တာနဲ့ ပြတ်သားတဲ့ဆူညံသံတစ်ခုထွက်လာခဲ့တယ်၊

'' ဘာ..ဘာကြီးလဲ ''

လူတချို့က တုန်လှုပ်ခြောက်ခြားပြီးအော်ဟစ်နေကြတယ်၊

ခန်းမထဲကလူတွေက အနက်ဝတ်နဲ့လူညွှန်ပြတဲ့အသံလာရာဆီ ဆွဲခေါ်ခံလိုက်ရတယ်၊

ဦးခေါင်းက ဆက်တယ်ဆိုရုံလေးရှိနေပြီး ခုနက
အိမ်ရှေ့စံကြောင့် မျက်လုံးကကွဲထွက်နေခဲ့တာ အဲ့အရာကကြီးထွားလာခဲ့တယ်၊

ဂဂျား..ဂျားကရား~~~

အချိန်ကြာတဲ့အထိ ကြီးထွားနေခဲ့တဲ့ သားရဲကောင်ကြီးက နောက်ဆုံးမှာ​တော့ လုံးဝကွဲထွက်သွားပြီဖြစ်တယ်၊

'' ကယူ~~ ''

'' ကယူ...ကယူ~~~ ''

သားရဲကောင်နှစ်ကောင် ကွဲထွက်လာခဲ့တယ်၊

'' ဘယ်လိုလဲ အဲ့တာက ဘုရားသခင်ကမင်းကိုပေးတဲ့ လှပတဲ့ဘဝစွမ်းအားပဲ... ''

အံ့အားသင့်နေတဲ့လူတွေကို အနက်ဝတ်နဲ့လူက လှောင်ပြောင်နေခဲ့တယ်၊

'' ဘယ်လောက်ပဲခုတ်ခုတ် အသုံးမဝင်ဘူး၊ အဲ့တာကထပ်ပြီးထွက်လာနေဦးမှာပဲ ''

DITOEFVWhere stories live. Discover now