Chapter.78(U&Z)

633 104 4
                                    

Unicode.

Calisto ရဲ့ခေါင်းပေါ်ကို ကြောင်ပြီးကြည့်နေရင်း အချိန်ကြာကာမှ အဖြစ်ပျက်အားလုကို မေးကြည့်လိုက်တယ်၊

'' ကျွန်..ကျွန်မတို့ ဘယ်လိုဖြစ်သွားတာလဲ၊ကျွန်မတို့ ချောက်ကမ်းပါးကနေပြုတ်... ''

'' ချောက်ကမ်းပါးရဲ့အောက်ဘက်မှာ ရေတံခွန်ရှိနေတာ၊ကိုယ်တို့ကမြစ်ထဲကို ကျသွားတာကြောင့် အသက်ရှင်နိုင်ခဲ့တာ ''

အိမ်ရှေ့စံက သစ်ကိုင်းတွေကို လောင်စာအနေနဲ့ မီးပုံထဲကို ထိုးမွှေလိုက်ပြီး မတူညီတဲ့လေသံနဲ့ ရှင်းပြလာခဲ့တယ်၊

'' ကိုယ်မင်းကို သယ်ပြီးထွက်လာတော့ ဒီလှိုဏ်ဂူကို အနီးအနားမှာ ရှာတွေ့ခဲ့တာ ''

အဲ့နောက် ငါအနီးကပ်သေချာလေး လှည့်ကြည့်လိုက်တယ်၊ငါတို့က အခုမီးပုံကို အပေါက်ဝနဲ့သိပ်မဝေးတဲ့ နေရာမှာဖိုထားခဲ့တာ၊

မိုးက ငါတို့မသိလိုက်ခင်မှာပဲ ရွာတာရပ်သွားခဲ့တယ်၊ဒါပေမဲ့ ဂူအဝကမှောင်မဲနေခဲ့ပြီး ရှေ့နားကိုနည်းနည်းလေးတောင် မမြင်ရဘူး၊တစ်ခါတစ်ရံထွက်ပေါ်လာတဲ့ လတ်ဆတ်တဲ့ရေသံတစ်ခုတည်းကသာ အနားမှာရေတံခွန်ရှိတယ်ဆိုတာကို သက်သေပြနေခဲ့တယ်၊

ငါ့ရဲ့ခေါင်းကိုလှည့်ပြီး ဂူအတွင်းကိုကြည့်လိုက်တယ်၊အဲ့တာကအတော်လေး ရှည်လျားတဲ့ဂူဖြစ်ပေမဲ့ ဂူအတွင်းနက်ပိုင်းမှာတော့ မှောင်မဲတဲ့တိမ်ထုတွေလိုဖြစ်နေခဲ့တယ်၊

' ဒီနေရာက သားရဲကောင်တွေရဲ့ ပိုင်နက်ဖြစ်နေရင်ရော၊ဒါမှမဟုတ် မြွေတစ်ကောင်လား... '

အတော်လေးလက်တွေ့ကျတဲ့အတွေးတွေက ငါ့ခေါင်းထဲမှာဖြတ်သွားခဲ့တယ်၊ငါ့လက်ကို စမ်းကြည့်လိုက်တယ်၊ပြီးတော့ ငါ့အနားမှာဒူးလေးရှိနေတာကို တွေ့လိုက်ရတယ်၊ဒါပေမဲ့ သိပ်မကြာလိုက်ပါပဲ ငါပုတီးစေ့တွေအားလုံးကို လုပ်ကြံသူတွေကို သတ်ဖို့အကုန်သုံးမိလိုက်တယ်ဆိုတာကို မှတ်မိသွားခဲ့တယ်၊

'' ဒါက တိရစ္ဆာန်အသိုက်မဟုတ်ဘူး ''

အိမ်ရှေ့စံက စိုးရိမ်နေတဲ့ငါ့မျက်နှာကိုကြည့်ပြီး တဲ့တိုးပြောလာခဲ့တယ်၊

DITOEFVWhere stories live. Discover now