Chapter.33(U&Z)

866 150 2
                                    

Unicode.

ငါအဲ့နေရာမှာတင်သေပြီလို့ထင်နေတာ...
Interest တွေကျနေတဲ့အချိန်တုန်းက ကြောက်ရွံခြင်းနဲ့ ထိပ်လန့်ခြင်းတွေကိုခံစားလိုက်ရတယ်၊ငါ့ရဲ့နားမှာအန္တရာယ်တွေများနေတာကြောင့် ငါ့မှာပျော်ချိန်တောင်မရလိုက်ဘူး၊တုန်ယင်နေတဲ့ငါ့လက်တွေကိုအနောက်မှာဖွက်ထားလို်က်ပြီး အတူတူဆုပ်ကိုင်ထားလိုက်တယ်၊အဲ့နောက် စကားပြောဖို့အတွက်ငါ့ရဲ့ပါးစပ်ကိုဖွင့်လိုက်တယ်၊

'' ဒီနေရာကလှျိို့ဝှက်ထားတဲ့နေရာမှန်းကျမမသိခဲ့ဘူး၊ကျမရဲ့ရိုင်းပျမှုအတွက်စိတ်မရှိပါနဲ့ ''

ကြောက်ရွံမှုကြောင့် ငါ့ရဲ့ခေါင်းကအလွန်အမင်းလှုပ်ရှားနေတာတောင် ငါ့ရဲ့မေးရိုးကိုအားစိုက်လိုက်တယ်၊ အကြောက်တရားကဘာလဲဆိုတာတောင်မသိတဲ့ အထက်စီးဆန်တဲ့မျိုးရိုးမြင့်တစ်ယောက်လိုပြုမူဖို့လိုတယ်၊ တော်တော်ဆိုးရွားတာဘဲ...

Vinterက ငါ့ရဲ့ပေါ့ပါးပြီးချိုသာတဲ့လေသံနဲ့ ယုံကြည်မှုပြည့်နေတဲ့ကိုယ်ဟန်ကြောင့်အနည်းငယ်အံအားသင့်သွားတယ်၊

'' ကျေးဇူးပြုပြီး ဒီဘက်ကိုလာပေးပါ၊ဒီနေရာကတောင်းဆိုထားတဲ့ကိစ္စတွေကိုပြောတဲ့နေရာမဟုတ်ဘူး ''

သူကယဥ်ယဥ်ကျေးကျေးနဲ့ငါ့ကိုဒီနေရာကနေ ခေါ်ထုတ်ဖို့ကြိုးစားခဲ့တယ်၊ကြည့်ရတာဒီနေရာကနေငါ်ကိုအလျင်အမြန်ထွက်သွားစေချင်တဲ့ပုံဘဲ
System ရဲ့ကားချပ်ကိုမြင်နိုင်အောင်လို့ ဖြေးဖြေးချင်းလမ်းလျှောက်လိုက်တယ်၊Systemဖော်ပြခဲ့တဲ့အတိုင်း 'ထူးခြားပြီးဆန်းကြယ်တဲ့နေရာ ' ဆိုတဲ့နရာကို ငါဝင်ခဲ့ပြီးပြီ ဒါပေမဲ့ အောင်မြင်လားကျရှုံးလားဆိုတာကိုဖော်ပြတဲ့ အဖြူရောင်Boxကခုထိပေါ်မလာသေးဘူး၊

Vinterရဲ့Interestတွေကျသွားတာကိုမြင်ရတုန်းက ကြည့်ရတာဝင်လာပြီး ဖမ်းမမိဘဲပြန်ထွက်သွားဖို့က 'Hidden quest' လို့ထင်ခဲ့တယ်၊အဲ့လိုသာဆိုရင် ငါကျရှုံးတာပေါ့၊Hard moodက Questတွေကဘာကိုမှသတင်းမပေးတာလား

' သောက်ရူးGame...Questမကလို့ဘာဖြစ်ဖြစ် ငါအဲ့တာကိုထပ်ပြီးလက်မခံတော့ဘူး '

ငါ့ရဲ့ခေါင်းထဲမှာ Vinterကိုချဥ်းကပ်ဖို့ အကြိမ်ပေါင်းများစွာဆုံးဖြတ်လိုက်တယ်၊ငါသူ့ကိုမှီလုနီးပါးမှာ သူကလှည့်ထွက်လိုက်ပြီး ဟောခန်းလမ်းမဘက်ကိုရွေ့သွားခဲ့တယ်၊

DITOEFVWhere stories live. Discover now