Chapter.50(U&Z)

884 161 5
                                    

Unicode.

ငါခြေလှမ်းအနည်းငယ်လောက် လှမ်းနိုင်တယ်ဆိုရင်တောင် အနိုင်ဖို့လမ်းစပြုနေတဲ့ Eclise ကိုမထိန်းချုပ်နိုင်ဘူး၊ဒါကြောင့်အဲ့တာနဲ့ပတ်သတ်တဲ့ဖြေရှင်းချက်တွေကို ဘာမှမပြောခဲ့ဘူး၊

ငါကလည်းသူတို့တွေ ရန်ပြုပြီးအထင်သေးနေတဲ့ ေနရာရဲ့ပါးလွှာတဲ့ရေခဲပါးပေါ်မှာ လမ်းလျှောက်နေရတာပဲလေ၊

'' နင်နဲ့ငါ...ငါတို့မှာစိတ်ပျက်စရာကောင်းတဲ့ဘဝမျိုးရှိနေတာပဲ... ''

ရုတ်တရက် ဗြုန်းခနဲထရယ်မိလိုက်တယ်၊တကယ်လို့သူက မီးကျည်ဖြစ်နေတယ်ဆိုရင်တောင် ငါကဘယ်လိုလုပ်ပြီး အမျိုးသားဇာတ်ကောင်ကိုအောက်ဆုံးထိဆွဲချဖို့ ေရွးချယ်နိုင်မှာလဲ၊

ဒါကိုပဲစဥ်းစားကြည့်၊ငါကဒီလိုအခြေနေကိုရွေးချယ်ခဲ့တဲ့တစ်ယောက်သောသူလေ၊ အရာအားလုံးရှိနေတဲ့သူဆီက Interest ပိုရဖို့လွယ်ကူတယ်ဆိုတာငါသိတယ်၊

'' လာ...ဒါကိုယူလိုက်... ''

Normal moodက ဇာတ်လိုက်မလိုချစ်စဖွယ်မျက်နှာလေးနဲ့ လက်ဆောင်ပေးပြီးအ့ံသြအောင်လုပ်ဖို့ဆိုတာ ငါ့အတွက်မဖြစ်နိုင်တဲ့အရာပဲ၊

လည်ဆွဲကိုဆုပ်ကိုင်ထားတဲ့ ငါ့ကိုယ်ငါအေးအေးထားလိုက်ပြီး သူ့ဆီကိုပေးလိုက်တယ်၊

'' ဒါက... ''

'' အဲ့တာကကစားစရာနဲ့တူပေမဲ့ အဲ့တာကဓားတစ်လက်ပဲ၊လက်ကိုင်ကနေကိုင်ပြီးတေယ့ တစ်ခါလောက်ကြိုးစားကြည့်လိုက် ''

Ecliseကလည်ဆွဲကိုငုံ့ကြည့်ရင်း တစ်ခါမှမဖြစ်ဖူးဘဲအဖြေရှာနေတဲ့အကြည့်တွေနဲ့ ကြည့်လာခဲ့တယ်၊
အဲ့တာကဓားဆိုတာငါဘယ်လိုမှမယုံနိုင်ဘူး၊

'' မြန်မြန် ''

ငါ့ရဲ့တိုက်တွန်းမှုကြောင့် သူကအင်တင်တင်နဲ့ ဓားကိုသူ့ရဲ့လက်မနဲ့လက်ညှိုးကိုသုံးပြီးမလိုက်တယ်၊အဲ့အချိန်မှာပဲ၊

သူ့လက်ထဲကနေ တောက်ပတဲ့အလင်းတန်းတစ်ခုထွက်လာပြီး Ecliseကသူ့လက်ထဲမှာဓားရှည်တစ်ချောင်းကိုကိုင်ထားခဲ့တယ်၊

Ecliseက ရုတ်တရက်ကြီးမားလာတဲ့ဓားကို ပြူးကျယ်နေတဲ့မျက်လုံးတွေနဲ့ကြည့်နေခဲ့တယ်၊
တခြားဓားတွေနဲ့မတူပဲ အဲ့တာကရတနာတစ်ခုမှ တန်ဆာမဆင်ထားပဲ အကြမ်းပတမ်းပုံပေါ်နေခဲ့တယ်၊ဒါပေမဲ့ ဓားသွားကဖြာထွက်နေတဲ့အလင်းတန်းကတော့ သာမန်လိုဟုတ်မနေဘူး၊

DITOEFVWhere stories live. Discover now