Chapter .9

1.2K 185 1
                                    

သူမကိုအထင်သေးမိသွားတယ် ဆိုပြီးထိပ်လန့်သွားတဲ့အကြည့်၊ အဲ့ဒါကိုတေွ့ရတာ​တကယ်စိတ်ကျေနပ်ဖို့ကောင်းတယ်၊

ငါ့မျက်နှာကအပြံုးကို ဖေျာက်လိုက်ပီး မျက်နှာထားတင်းတင်းနဲ့ အသံကိုနှိမ့်ပီးပြောလိုက်တယ်၊

"တစ်ခုချင်းစီလိုက်ပြောဖို့လိုလို့လား? ကျမလည်ချောင်းတေွနာနေတာ ရှင်သိပါတယ်နော်၊ "

ဒီလိုမျက်နှာပေးမျိုးက အထက်တန်းလွှာတေွကို အထက်တန်းလွှာမဟုတ်တဲ့သူတေွ လေးစားကြည်ညိုလာအောင်လုပ်တဲ့အခါ သုံးကြတယ်၊

ဥပမာဆိုရင် အင်ပါယာရဲ့ဓားတစ်လက်ဖစ်တဲ့ Duke Eckart​ကတော်ဝင်မျိုးနွယ်မှမဟုတ်ရင် ဘယ်သူ့ကိုမှ ဦးမော့စရာမလိုဘူး၊

"​ကျ..ကျနော်တောင်းပန်ပါတယ်....,​Lady...​"

အိမ်ထိန်းကြည့်ရတာ​ဘာကိုဆိုလိုလဲဆိုတာနားလည်သွားတဲ့ပုံဘဲ...

သူကကြမ်းပြင်မှာချက်ချင်းဘဲ​ဒူးထောက်ချလိုက်တယ်၊ ဒါက... တစ်ခါမှမဖစ်ဖူးတဲ့အခြေနေဘဲ...

"ဒါက...​ကျနော့်စိတ်ကအလျင်လိုနေတာမလို့ အမှားလုပ်မိသွားတာပါ၊ ကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါ... "

ဒီမြင်ကွင်းကိုကြည့်နေရတာ ငါ့ကိုစိတ်ပျော်လာစေတယ်၊ မအိပ်ခင်ကခံစားချက်က ဒီမနက်ထိအဆင်မပြေဖစ်နေခဲ့တာ ခုတော့လုံးဝစိတ်ပျော်သွားပီ

ခဏလေး​အတွင်း​မှာဘဲ​ ကို့ထက်အသက်ကြီးတဲ့သူကိုဒီလိုဆက်ဆံတာ အရမ်းများတယ်လို့ထင်ပေမဲ့​ငါသူ့ကို မတ်တပ်ပြန်ရပ်ဖို့မပြောခဲ့ဘူး...

ဒါက​ဘာလို့လဲ... Penelopeကို​ဒီလူကလေးစားခြင်းမရှိဘဲ​ပစ်ပယ်​ထားတာ​ လွန်ခဲ့တဲ့6နှစ်ကတည်းက...

"ခု​ရှင့်ရဲ့မျက်နှာကိုခဏလေးတေွ့ရတာတောင် ကျမကိုအဆင်မပြေဖစ်စေလို့ ကျမထင်တယ်"

အိမ်ထိန်းကိုငုံ့ကြည့်ပြီး အေးစက်စက်ပြောလိုက်တယ်၊

"သေချာတာပါ့၊ ဒါကကျမတစ်ယောက်တည်းခံစားနေရတာမဟုတ်ဘူးလေ"

ငါတကယ်ပြောချင်နေတဲ့စကားတေွကို​ ပြောလိုက်ပီးတာနဲ့ တခြားဘက်ကိုအကြည့်လွှဲလိုက်တယ်၊

DITOEFVWhere stories live. Discover now