Chapter. 44(U&Z)

833 166 7
                                    

Unicode.

Rennald ကရုတ်တရက် စိတ်ရှုပ်လာ​တာကြောင့် သူ့ရဲ့လက်ချောင်းတွေနဲ့ နားကိုပွတ်လိုက်တယ်၊

'' မင်းကဒီနေရာကို Yvonneရဲ့အစားထိုးခံအနေနဲ့ခေါ်လာခဲ့တာ၊မင်းကဟန်ဆောင်တဲ့နေရာမှာ တကယ်တော်တယ်လို့ငါထင်တယ် ''

ငါ့နှလုံးသားနဲ့ရင်းပြီး ဆုတောင်းခဲ့တယ်၊

'' မင်းက ဒူးလေးကိုင်တဲ့ ချင်ပန်ဇီ ဆိုတဲ့ကောလဟာလကိုဖြစ်စေတယ်၊ မူရင်းဇစ်မြစ်ကဘာမှန်းမသိတဲ့ ကျွန်တစ်ကောင်ကိုပါဆွဲခေါ်လာသေးတယ် ပြီးတော့ မင်းရဲ့နာမည်ကဆုံးရှုံးပြီးသားဖြစ်နေပြီ ''

ဒါတွေကအမြဲတမ်း အတိုင်းဆမရှိ နှောင်းယှက်ခံရခြင်းနဲ့လျစ်လျူရှူခံရခြင်းဘဲ၊

'' မင်း ဒီအိမ်ထဲမှာ ဘယ်လောက်ကြာကြာ ဒါမျိုးတွေလုပ်နေမှာလဲတော့ ငါမသိဘူး ''

သူ့ရဲ့နှုတ်ခမ်းထောင့်ကိုမဲ့ပြီး လှောင်ပြောင်နေခဲ့တဲ့ Rennald ရဲ့မျက်နှာကတစ်ယောက်ယောက်ရဲ့မျက်နှာနဲ့တစ်ထပ်တည်းကျနေခဲ့တယ်၊

ဒီနေရာကို လာပြီးသူတောင်းစားတစ်ယောက်လျှောက်သွားနေတာကို ငါဘာလို့မြင်နေရတာလဲ

အသံတစ်ခုကငါ့နားထဲမှာ မြည်ဟီးနေခဲ့တယ်၊ငါဘယ်တုန်းကမှ အဲ့တာတွေကိုမြင်ချင်တယ်လို့ငါ
မ​​ေပြာခဲ့ဘူး၊ငါနှင်ထုတ်ခံရမှာကြောက်တယ်...

'' အစားထိုးခံ ''

ဒါပေမဲ့ ငါထိန်းချုပ်ဖို့ကြိုးစားနေတာတွေက အစောတုန်းကဖြစ်ခဲ့တဲ့အရာတွေကို ဘာလို့ပြန်မှတ်မိလာစေရတာလဲ၊

'' ငါ့ကိုအစားထိုးခံ တစ်ယောက်လိုတောင်နင်ဆက်ဆံဖူးလို့လား ''

ငါ့ကိုယ်ငါ ပြန်ပြီးပြောလိုက်တယ် 'ဒူးလေးကိုင်တဲ့ချင်ပန်ဇီ 'ဆိုတဲ့စကားက ငါ့ခလုတ်ဖြစ်လာခဲ့တယ်၊

နားထောင်မနေခဲ့တဲ့ Rennald ကငါ့ရဲ့မေးခွန်းကိုတိုင်ရိုက် အော်ငေါက်လာခဲ့တယ်၊

'' အဲ့လိုဆို မင်းလည်းအရင်းအမြစ်ကိုသေချာမသိသေးတာဘဲ၊ ငါတို့ကမင့်ကိုကောက်ယူပြီး မင်းသမီးဖြစ်အောင်လုပ်ပေးခဲ့တာ ... ဒီထက်ပိုပြီးဘယ်လောက်ကောင်းကောင်းမွန်မွန်ဆက်ဆံပေးရမှာလဲ... ဒါမှမဟုတ် ငါကမင့်ကိုဘုရင်မတစ်ပါးလိုဆက်ဆံပေးရမှာလား... ''

DITOEFVWhere stories live. Discover now