Chapter.58(U&Z)

726 142 2
                                    

Unicode.

သူက လက်စွပ်ချွတ်လိုက်တဲ့လက်ကို မျက်နှာနဲ့ပွတ်တိုက်နေရင်း တောင်းပန်နေခဲ့တယ်၊

'' ကျနော် နောက်ဘယ်တော့မှ မဆင်မခြင်မလုပ်တော့ပါဘူး သခင်၊ကျနော်တောင်းပန်ပါတယ်၊ကျေးဇူးပြုပြီး ဒီတစ်ကြိမ်တော့ကျနော့်ကိုခွင့်လွှတ်ပေးပါ... ''

ကြီးမား မာကျောတဲ့ပတ္တမြားက သူ့ရဲ့နူးည့ံတဲ့အရေပြားနဲ့ ထိမိနေခဲ့တယ်၊

' ငါ့မှာလက်စွပ်ရှိပြီး အဲ့တာကိုသံပြားနဲ့ကပ်ထားနိုင်တဲ့သတ္တိရှိပါစေဆုတောင်းတယ် '

အဲ့တာမှ ငါထိန်းချုပ်ထားရတဲ့ သည်းခံမှုတွေနဲ့ပတ်သတ်တဲ့ စိတ်ဆင်းရဲမှုတွေ လွှတ်ပေးမိလိမ့်မယ်၊

ဒါပေမဲ့ ငါ့ရဲ့အေးစက်စက်မျက်နှာထားမှာ ၊Ecliseကသူ့ရဲ့အမြီးကိုသာလှုပ်ယမ်းနေခဲ့တယ်၊

' သူကရိုးစင်းတာလား ဒါမှမဟုတ် လှည့်​ြဖားနေတာလား '

သူ့လည်ပင်းသူ ကြိုးကွင်းစွပ်နေတဲ့ သူ့ကိုကြည့်
နေရင်း ငါစားပွဲပေါ်ကို လက်စွပ်တင်လိုက်ပြီးတဲ့နောက် ပွတ်သပ်နေတဲ့ငါ့ရဲ့လက်တွေကနေ ရုန်းထွက်လိုက်တယ်၊

ရှင်းလင်းနေတဲ့သူ့ရဲ့လက်တွေနဲ့ မျက်နှာကိုကာလိုက်​ြပီး တရှုံ့ရှုံ့ငိုနေခဲ့တယ်၊

'' Eclise ''

မျက်လုံးသေတွေနဲ့ အကြည့်ချင်းစုံလိုက်စေပြီးမှ အေးအေးဆေးဆေး​​ပြောလိုက်တယ်၊

'' ငါနင့်ကိုဓားပေးလိုက်တဲ့အချိန်ကစပြီး နင်ကငါ့ရဲ့သူရဲ​ေကာင်းပဲ ငါကနင့်ရဲ့တစ်ဦးတည်းသောသခင်ပဲ ''

'' ...... ''

'' အဲ့တာကိုအချိန်တိုင်းမမေ့စေနဲ့ ''

သူကဉာဏ်ပြေးတာကြောင့်
ငါငြင်ငြင်သာသာနဲ့မျက်ခွံတွေကိုတွန့်ချိုးပြီးပြုံးပြလိုက်တယ်၊အဲ့တာကြောင့် ငါအတည်ပြောနေတာလား ရှင်းထုတ်နေတာလားဆိုတာကိုသူမပြောနိုင်ခဲ့ဘူး၊

မီးခိုးရောင်မျက်ဝန်းတွေက ငါ့ဆီရောက်လာပြီး တစ်ဖန်ဝေဝါးနေပြန်တယ်၊

'' ဟုတ်ကဲ့ပါသခင် ''

Interest 54%..

Interest ကသိသိသာသာတက်လာပြန်တယ်၊

DITOEFVWhere stories live. Discover now