Chapter.38(U&Z)

904 145 2
                                    

Unicode.

Derrick ကခဏလောက်ငြိမ်သွားပြီး အဲ့နောက်သူ့ရဲ့ပါးစပ်ကိုလေးလံစွာနဲ့ဖွင့်ဟလာခဲ့တယ်၊

'' တကယ်လို့လိုအပ်တယ်ဆိုရင် ငါ့မှာ ပစ္စည်းတွေကိုပြင်ပေးနိုင်တဲ့ သူလျှိုလိုမြန်မြန်ဆန်ဆန်အလုပ်လုပ်နိုင်တဲ့သူတွေရှိတယ်၊''

'' ဘာလို့ဆို လက်မထပ်ရသေးတဲ့ တော်ဝင်မိန်းမပျိုတစ်ယောက်က မသိတဲ့ယောကျ်ားတစ်ယောက်ကိုရှာနေတယ်ဆိုတဲ့ ကောလဟာလတွေကငါ့တို့မိသားစုရဲ့ ဂုဏ်ကိုထိခိုက်စေနိုင်တယ်လေ ''

Derrickရဲ့စကားတွေကငါ့ကိုအသိဝင်စေတယ်၊ပြောရရင်ငါပိုပြီး ဂရုစိုက်ဖို့လိုနေပြီ၊ ငါDerrickကို နည်းနည်းထူးဆန်းသလိုကြည့်လိုက်တယ်၊

' ဖြစ်နိုင်တာက သူကငါ့ကိုအမြဲအော်ပြီး အဓိပ္ပါယ်မရှိတာတွေပြောတတ်တဲ့ တဇွတ်ထိုးကောင်မဟုတ်တာများလား '

ငါတွေးမိလိုက်တယ်၊

'' ဒါဆို ကျမဘာဘဲလုပ်လုပ်ခွင့်ပြုပေးမှာလား ''

ငါသူ့ရဲ့ခေါင်းပေါ်က 13%ကိုအေးစက်စက်ကြည့်ပြီးမေးလိုက်တယ်၊ ငါ ငါ့ရဲ့အကိုတွေကိုမတောင်းပန်ချင်ဘူး ပြီးတော့ ငါ့ကိုယ်ငါလည်းထပ်ပြီးမနှိမ့်ချချင်တော့ဘူး ဒါပေမဲ့ Interest တွေတကယ်လို့ရလဒ်ကတိုးမလာရင်တောင် ပြန်မကျသွားဖို့မျှော်လင့်ရင်း နဲ့သနားစဖွယ်ပြောလိုက်တယ်၊

'' Penelope... ''

Derrick ကနက်နဲတဲ့အသံနဲ့ပြောလာခဲ့တယ်

'' မင်းကမကြာခင်အရွယ်ရောက်လာတော့မှာ... ဒါကြောင့် မင်းကမှားယွင်းတဲ့လမ်းကြောင်းပေါ်ကိုဦးတည်နေတယ်လို့ငါမထင်သရွေ့ ဘာကိုမှထပ်ပြီးနှောင့်ယှက်တော့မှာမဟုတ်ဘူး ''

'' .... ''

'' ဒါပေမဲ့ မင်းအပြင်ကိုသွားမယ်ဆို ခွေးတိုးပေါက်ကိုမသုံးနဲ့ ဒီတိုင်းအရှေ့တံခါးကနေ ဂုဏ်ယူစွာနဲ့ထွက်ပါ... မင်းအဲ့လိုလုပ်ဖို့ခွင့်ပြုပေးထားတာကို အိမ်တော်ထိန်းကိုငါပြောထားလိုက်မယ် ''

[ Interest.17 % (+2%) ]

'' ဒါမှမဟုတ်လည်း မင်းဆွဲခေါ်လာခဲ့တဲ့ဟိုကျွန်ကို မင်းနဲ့အတူခေါ်သွားနိုင်တယ် ''

DITOEFVWhere stories live. Discover now