Chapter.6

1.5K 178 5
                                    

တကယ်တော့ စိတ်လှုပ်ရှား​စရာမရှိပါဘူး

*ဒါကgameထဲက အခန်းတစ်ခုဘဲလေ*

အဲ့လိုဆိုရင်တောင်မှ ငါ့ရဲ့လက်တေွကအနည်းငယ်တုန်ယင်နေဆဲဘဲ...
တစ်ဆက်တည်းမှာဘဲ​Gameထဲမှာ DukeကPenelopeအပေါ်ထားတဲ့ သဘောထားက
ငါ့ရဲ့သေွးမစပ်တဲ့အဖေ(ပထေွး)​ကို​သတိရစေတယ်၊၊
အခု​ငါအခန်းထဲကိုရောက်နေပေမဲ့ Dukeကသူ့ရဲ့ခေါင်းတောင်မော့မလာခဲ့ဘူး
(မော့တောင်မကြည့်ဘူး)
ငါချီတုံချတုံနဲ့ သူ့ရဲ့စားပွဲနားကိုတဖြည်းဖြည်းကပ်သွားလိုက်တယ်၊၊
တုန်ယင်နေတဲ့ငါ့ရဲ့လက်ချောင်းတေွကို ကွယ်ဝှက်လိုက်ပြီး အရိုအသေပေးဖို့ ကိုယ်ကိုညွှတ်လိုက်တယ်

Gameထဲမှာ​တော့​ဒီလောက်အသေးစိတ်မျိုးမဟုတ်ဘူး၊၊ ဒါပေမဲ့​ငါ့ရဲ့အသံကလုံးဝမထွက်လာတဲ့အတွက် ငါရောက်နေတယ်ဆိုတဲ့အကြောင်းကုိ​စကားပြောပြီး အသိပေးလို့မရခဲ့ဘူး၊၊
ငါလည်းပဲ Dukeရဲ့အရှိန်အဝါကြောင့်
ဒီလိုရပ်နေတာက ငါလုပ်သင့်တာဘဲလို့ထင်မိတယ်၊၊

Duke:|"မင်းရောက်ပြီပဲ"
နောက်ဆုံးတော့ Dukeကသူ့ရဲ့ခေါင်းကို အနည်းငယ်မော့လိုက်ပြီး ငါ့ကို​ ဖြတ်ခနဲတစ်ချက်ကြည့်ပြီးတော့ ပြောလိုက်တယ်၊၊

သူ့​မှာလည်း​ Derrick လို​အနက်ရောင်ဆံပင်နဲ့အပြာရောင်မျက်လုံးတေွရှိတာဘဲ...
သူ့ရဲ့မျက်နှာက Gameထဲက အချက်အလက်တေွထဲကလို အဆင့်တန်းရှိမျိုးရိုးမြင့်တေွအတိုင်း​ဘဲ မျက်နှာအမူအယာတစ်ခုခုတောင် ရှိမနေဘူး...
အဲ့ဒီ့အချိန်မှာဘဲ အဖြူရောင်boxတစ်ခုက ငါ့ရဲ့မြင်ကွင်းမှာပေါ်လာတော့တယ်...

1.ဘာလို့ခေါ်တာလဲ... ?
2.အလုပ်များနေတာမလို့ ပြောစရာရှိတာကိုသာတန်းပြောပါ...
3.(ဘာမှမပြောဘဲစိုက်ကြည့်... )

ငါတခြားအဖြေတေွအစား no.1အဖြေကိုရေွးဖို့ခလုပ်ကိုဖိလိုက်တယ်...

Pene:("ဘာလို့ခေါ်တာလဲ...?"

Duke:"ငါဒီမနက် နည်းနည်းရုန်းရင်းဆန်ခတ် ဖြစ်သွားတယ် လို့​ကြားလိုက်တယ်..."​

သူ့ရဲ့စကားဆုံးသွားတာနဲ့ ငါboxထဲက တခြားရေွးစရာအသစ်တစ်ခုကိုခပ်မြန်မြန်ဘဲရေွးလိုက်တယ်

DITOEFVWhere stories live. Discover now