Chapter.65(U&Z)

765 128 1
                                    

Unicode.

တစ်ယောက်ယောက်ခေါ်သံကိုကြားလိုက်တယ်၊

တချို့သောအကြောင်းကိစ္စတွေက ငါ့ကိုတအ့ံတသြမဖြစ်စေဘူး၊အဲ့တာတွေက ဇာတ်လမ်းအတိုင်းဖြစ်နေတာတွေလို့ ငါထင်ခဲ့မိလို့ပဲ

ငါဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်တယ်၊နေဝင်ချိန်လေညက်ကစခဲ့တဲ့အကြိုပွဲတော်က မှိန်ပျပျအလင်းရောင်သမ်းနေပြီဖြစ်တယ်၊

မကောင်းဆိုးဝါးတွေကြောင့် ပျက်စီးသွားကျတဲ့မီးရောင်တွေအားလုံးကလည်း ခပ်မှိန်မှိန်အလင်းတချို့သာ ငါ့ကိုခေါ်လိုက်တဲ့အမျိုးသားရဲ့မျက်နှာပေါ်မှာကျရောက်နေခဲ့တယ်၊

[ Interest.20% ]

ဒါပေမဲ့အမှောင်ထဲမှာဆိုရင်တောင် ငါကဇာတ်လိုက်တွေကိုခွဲခြားနိုင်တယ်၊

'' Marquis. ''

Buinter ကိုအဲ့လို ပထမဆုံးခေါ်ဖူးတာဖြစ်လို့ ငါ့အတွက်ထူးဆန်းနေခဲ့တယ်၊

' ငါနင့်ကို ဟိုတုန်းထဲကအဲ့လိုခေါ်ရမှာ '

အဲ့လိုအယောင်ဆောင်တွေကပြီးသွားခဲ့ပြီ၊အခုကတကယ့်လက်တွေ့ပဲ၊

'Marquis' ဆိုတာကို ပြောမထွက်ဖို့လေ့ကျင့်နေတုန်း Buinter ကခြေလှမ်းတွေကိုအမြန်လှမ်းရင်း ငါ့ရဲ့ရှေ့ကိုရောက်လာခဲ့တယ်၊

သူ့ရဲ့မျက်လုံးအရောင်တွေက သူနဲ့ရင်းနှီးမှုရှိမနေပဲ သူ့ရဲ့ဂုဏ်ပုဒ်လိုဟုတ်မနေဘူး၊

'' မင်းဒီနေ့ ကို့ကိုကူညီခဲ့တာ...ကျေးဇူးတင်ပါတယ် ''

သူ့ရဲ့လေးစားမှုကို တိတ်တဆိတ်ပေးခဲ့တယ်၊

' ကောင်းပြီ ငါလည်းဒါကိုမျှော်လင့်ခဲ့တာပဲ '

အခု ငါအတော်လေးရုန်းကန်နေရတာကြောင့် ဘာမှထွေထွေထူးထူးလုပ်မနေပဲ ပြန်ဖြေလိုက်တယ်၊

'' ကွျန်မ Marquis ကိုကူညီဖို့ထွက်လာခဲ့တာမဟုတ်ဘူး၊အဲ့တာကြောင့် ကျွန်မကိုကျေးဇူးမတင်ပါနဲ့ ''

ဂုဏ်ပြုစကားတွေက ငါကို့ရို့ကားယား ခံသားခဲ့ရတာတွေနဲ့ယှဥ်ပြီး ချောချောမွေ့မွေ့ထွက်လာခဲ့တယ်၊

'' အဲ့တာက မှန်ပါတယ်...ဒါပေမဲ့... ''

'' ...... ''

'' ကို အပါအဝင်လူတွေကိုကယ်ဖို့မင်းအားထုတ်ခဲ့တယ် ''

DITOEFVWhere stories live. Discover now