Chapter.64(U&Z)

737 130 1
                                    

Unicode.

ဘာလို့အရေးပေါ်အခြေနေပြီးသွားကာမှ တပ်ကူတွေအာလုံးရောက်လာကြရတာလဲ၊

ဝင်ပေါက်တစ်ခုတည်းကိုဖြတ်ပြီးစုရုံးနေကြတဲ့ အစောင့်တပ်သားတွေကိုကြည့်လိုက်တယ်၊

အဲ့ထဲက ေငွရောင်ဝတ်စုံတွေကြားမှာ ရွှေရောင်
ဝတ်ရုံတွေနဲ့ သုံးလေးယောက်လောက်မြင်လိုက်ရတယ်၊သူတို့က နန်းတော်ကမှော်ဆရာတွေဖြစ်တယ်၊

သူတို့တွေက တစ်ဝက်လောက်အရည်ပျော်နေတာတွေကို ခွဲထုတ်ပြီး အသက်မရှိတော့ဘူးဆိုတာကို အလျင်အမြန်အတည်ပြုခဲ့ကြတယ်၊

'' သူတို့တွေက မှော်တိုက်ကွက်တွေကို ခုခံနိုင်စွမ်းမရှိကြဘူး၊အဲ့တာကြောင့် သူတို်ကို တိုက်ပွဲအတွက်သုံးတာရှားတယ်...  ''

ဇာတ်ကြောင်းကို အဆုံးထိနား​ထောင်ကြည့်ရင်
သူတို့်ကမရေမတွက်နိုင်တဲ့လက်နက်အနေနဲ့အထူးတီထွင်ထားတဲ့ သားရဲပေါက်အမျိုးစုံကိုယူလာပြီး အမဲလိုက်ပွဲမှာမှော်ဆရာတွေကိုပါ ပါဝင်ခိုင်းဖို့ရည်ရွယ်ထားပုံရတယ်၊

မင်းမျိုးမင်းနွယ်အနည်းငယ်လောက်ကသာ ငါ့လိုလက်နင်တွေကိုယူလာကြပြီး ကပွဲခမ်းမထဲမှာ ကျက်သရေရှိရှိဝတ်စားထားကြတယ်၊

မှော်လက်နက်တွေနဲ့ လူတွေကတစ်ကြိမ်ထက်ပိုပြီးတော့ စစ်ဆေးခံကြရတယ်၊

အဲ့တာကအမဲလိုက်ပြိုင်ပွဲမှာ နှစ်တိုင်းပါဝင်ကြတဲ့လူတွေရဲ့ဂုဏ်သိက္ခာကြောင့်ပဲ၊သူတို့တွေက မှော်ရဲ့အကူညီမပါဘဲ အမဲလိုက်စွမ်းရည်နဲ့ အသိဉာဏ်တို့ကိုသာသုံးပြီး အနိုင်ရလိုကြတယ်၊

အဲ့တာကြောင့် ကြိုတင်သတိပေးထားတဲ့မှော်ရှိနေတဲ့ ငါ့ရဲ့ဒူးလေးတိုက်ခိုက်မှုကသာ အသုံးဝင်တဲ့အရာတစ်ခုဖြစ်ခဲ့တယ်၊

ဂိမ်းထဲမှာ အဲ့လိုဇာတ်လမ်းမျိုးရှိရှိ မရှိရှိအဲ့တာကအတော်လေးလက်ခံလို့ရတဲ့ တိုးတက်မှုအသစ်ပဲ၊

' ဒါပေမဲ့ Buinter ကဘယ်လိုပါဝင်ပတ်သတ်နေတာလဲ '

ထပ်ပြီး ငါ့မှာ အဲ့လိုမေးခွန်းမျိုးရှိလာပေမဲ့ အဖြေထုတ်နိုင်စရာမရှိဘူး၊

DITOEFVWhere stories live. Discover now