Chapter.17

1.2K 193 4
                                    

Duke ကတချို့အကြောင်းရာတေွကကြောင့်အော်ဟစ်ပြီးပြောလိုက်တယ်၊
ငါ​ထင်တယ်​တနေရာရာကနေ အိမ်ရေှ့စံ​ရဲ့​ 'ဆူလိုက်တာ'​ဆိုတဲ့အသံကိုတောင်ကြားမိနေသလိုဘဲ၊
ငါချက်ချင်းတုန့်ပြန်လိုက်တယ်၊

"ဒါ... ဒါက​ သူရှိနေတာကို ရဲတင်းမိတဲ့သူကကျမပါ"

"ကောင်းတယ်"

"ဟမ်"

"မင်းကိုထိခိုက်အောင်လုပ်ထားတာကို အသုံးချပြီး အိမ်ရေှ့စံ​ဆီကနေ​အကူညီတေွယူလို့ရပြီ၊ မင်းက​Eckart​ရဲ့​မိသားစုဝင်​ကောင်းတစ်ယောက်ဖြစ်လာပြီဘဲ... Penelope..."

Duke ရဲ့​မထင်မှတ်ထားတဲ့တုံ့ပြန်မှုတေွကြောင့် ငါရူးချင်သလိုဖြစ်လာခဲ့တယ်​တစ်ဆက်တည်းမှာဘဲသူက

"​ဘယ်လိုဘဲဖြစ်ဖြစ် တနေ့မှာဒါကိုခုတုံးလုပ်ပြီး သူ့ကိုအသုံးချလို့ရတယ်၊ သူကတိုက်ပွဲရဲ့သူရဲကောင်းဘွဲ့ခံယူပြီးတဲ့အခါကျ သူ့ရဲ့ဂုဏ်သတင်းကပိုကြီးလာတော့မှာ... "

"​အ... အဖေ..."

တော်ဝင်မျိုးနွယ်တေွကို စော်ကားနေတဲ့ဒီစကားသာတခြားသူတေွကြားသွားခဲ့ရင် မိသားစုကပရမ်းပတာတေွဖြစ်သွားလိမ့်မယ်၊ Dukeက ငါ့လိုပြာယာခတ်မနေဘဲ ဘာမှမဖြစ်သလုိမျိုးသူ့ရဲ့စကားကိုဆက်ပြောနေခဲ့တယ်၊

"​Penelope...မင်းသိထားရမှာကငါတို့ Eckartကဘယ်သူ့ဘက်မှာမှမနေဘူး၊ငါတို့ကြားနေတေွက အကာရံထဲမှာထိုင်နေရုံဘဲ"

"ဟုတ်... သေချာတာပေါ့..."

ငါသေချာလး​ခေါင်းငြိမ့်လိုက်တယ်၊
အဲ့တာတင်မကဘူး....

"ဒီကိစ္စတေွပြီးမှဘဲ တကယ်လို့ငါတို့မှာအထောက်ပံ့မရှိဘူးဆိုရင် ကောင်းကောင်းခုခံနိုင်မှာမဟုတ်ဘူး... ပထမဘုရင်မကမရှိတော့ဘူး ပြီးတော့အိမ်ရေှ့စံကိုထောက်ခံတဲ့သူတေွကလည်းပိုများလာပြီ"

[T/N... ပထမဘုရင်မက အင်ပါယာရဲပထမဇနီးဖြစ်ပြီး.အိမ်ရေှ့စံမင်းသား.Calistoရဲ့မေွးအမေဖြစ်တယ်လက်ရှိဘုရင်မက​အင်ပါယာရဲ့ဒုတိယဇနီးဖြစ်ပြီး​ဒုတိယမင်းသားရဲ့အမေရင်းဖြစ်တယ်]​

"…......... "

"​ဒီအချိန်မှာဘယ်သူကနောက်အင်ပါယာအရှင်ဖြစ်လာမလဲဆိုတာဘယ်သူမှမသိသေးဘူး"

DITOEFVWhere stories live. Discover now