Chapter.31(U&Z)

901 141 1
                                    

Unicode.

'' ဟမ်း ''

ငါအလန့်တကြားထခုန်လိုက်ပြီး လှည့်ပတ်ကြည့်လိုက်တယ်၊အဲ့ကျမှနံရံပေါ်က ထူးဆန်းနေတဲ့တစ်ခုခုကိုသတိပြုမိလိုက်တယ်၊

'' အဲ့မျဥ်းတွေကဘာအတွက်လဲ ''

နံရံပေါ်မှာထောင့်မှန်စတုဂံတစ်ခုပေါ်လာခဲ့တယ်၊
ငါအဲ့နားကိုသွားကြည့်ခဲ့တယ်၊

ကျစ်!ဒီနေရာအတွင်းမှာဘဲ အသံကထပ်ပြီးမြည်လာခဲ့တယ်၊ နောက်ဆုံးတော့ အဲ့တာနဲ့ပတ်သတ်ပြီးသေချာခဲ့တယ်၊အဲ့အသံက ထောင့်မှန်စတုဂံပေါ်လာခဲ့တဲ့နံရံရဲ့နောက်ကနေထွက်လာခဲ့တာ၊ငါ့ရဲ့လက်တွေကမျဥ်းကြောင်းတွေပေါ်ရောက်စေပြီးထိတွေ့လိုက်တယ်၊

''ဒါက ''

ငါသေချာကြည့်လိုက်တော့မှ အနီးကပ်မြင်လိုက်ရတာကမျဥ်းကြောင်းမဟုတ်ဘဲ အက်ကြောင်းတစ်ခုဖြစ်နေခဲ့တယ်၊

အဲ့တာကတံခါးလိုဆိုပေမဲ့တခြားဟာတွေရှိမနေခဲ့ဘူး၊တံခါးကလျှို့ဝှက်လူသွားလမ်းကိုဦးတည်နေတယ်လို့ထင်ရတယ်၊

'' အိုးဟိုး...သူကထူးခြားတဲ့မှော်ဆရာတစ်ယောက်ဆိုတာကိုသက်သေပြဖို့များ ကြိုးစားနေတာလား ''

ငါ့ရဲ့နှလုံးသားလေးက စိတ်လှုပ်ရှားမှုကြောင့်ပေါက်ကွဲထွက်တော့မလိုဘဲ၊ အဲ့ဒါကရုပ်ရှင်၊ဝတ္ထုတွေမှမြင်နေကျလို တစ်ခုခုဘဲ၊

Gameထဲမှာဆို Vinterက ဇာတ်လိုက်မစိတ်ညစ်နေတဲ့အခါ သူမရဲ့ရှေ့ကိုတစ္ဆေတစ်ကောင်လိုအမြဲတမ်းပေါ်လာလေ့ရှိပြီး ပေါတောတောမှော်နည်းနည်းလောက်ကို ကြွားတတ်သေးတယ် ၊

ထုတ်လုပ်သူရဲ့စိတ်ဝင်စားမှုတွေက Vinterဇာတ်ကောင်အပေါ်အတော်လေး ရှင်းလင်းပါတယ်၊' မင်းကသာ ဝမ်းနည်းတဲ့အချိန်တိုင်း ပေါ်လာပြီးကုသပေးနိုင်တဲ့တစ်ဦးတည်းသောသူဘဲ ' ဆိုပြီးသေချာပေါက်သူတို့ရည်ရွယ်ထားတာဘဲ အဲ့ဒီ့ဇာတ်ကောင်အတွက်ပေါ့၊

Normal moodကအရမ်းလွယ်တယ်ဒါပေမဲ့ Vinterကအလွယ်ဆုံးဘဲ၊

တခြားဉာဏ်မ​ျားတဲ့ဇာတ်ကောင်တွေနဲ့မတူဘဲ၊အစကတည်းက သူကဇာတ်လိုက်မဆီကို သူ့ရဲ့Interest တွေပုံအောခဲ့တာ၊အဲ့တာကြောင့်လည်း ငါလုပ်ခဲ့တဲ့စာရင်းမှာသူ့ရဲ့နာမည်ကိုမခြစ်ချခဲ့တာပေါ့...
သူ့ရဲ့ဂရုစိုက်မှု...တကယ့်ကိစ္စက

DITOEFVWhere stories live. Discover now