Chapter. 47(U&Z)

867 163 5
                                    

Unicode.

Markကစိတ်ရှုပ်ထွေးနေခဲ့ပြီ ငါ့ကိုအကျယ်ကြီးအော်ခေါ်လာခဲ့တယ်၊ဒါပေမဲ့ ပြန်မဖြေရသေးတဲ့အချိန် သူကEcliseကိုတောင်စဥ်ရေမရ စကားတွေပြောနေခဲ့တယ်၊၊

'' ဘာ...ဘာဖြစ်တာလဲ Eclise ''

သူ့ဆီလာနေတဲ့မူမမှန်တဲ့အရာကို ခံစားရတာကြောင့်ဖြစ်လိမ့်မယ်... သူကဘေးဘီဝဲယာကိုကြည့်ပြီး အကူညီတောင်းနေခဲ့တယ်၊ထူးခြားတဲ့ခြေလှမ်းတွေနဲ့ထပ်လှမ်းလာပြန်တယ်၊ဒီတစ်ကြိမ်မှာတော့ တခြားအရာရှိတွေကပါ တွန်းအားပေးဖို့ပါဝင်လာကြတယ်၊

'' Eclise... ရပ်စမ်း...ဒါကအမိန့်ဘဲ... ''

'' ဟုတ်တယ်...ငါ..ငါတော်တော်လေးလွန်သွားတယ်၊ငါတောင်းပန်ပါ့... ''

ဒါပေမဲ့ Markကစကားကိုဆုံးတဲ့အထိမပြောနိုင်ခဲ့ဘူး၊Ecliseက သူ့ရဲ့ခေါင်းကိုနောက်ကနေဆွဲပြီး ငါ့ဆီကိုအမြန်ဆွဲခေါ်လာခဲ့တယ်၊

'' အစ်...ဟစ်..အစ်...အစ်... ''

Markရဲ့ခန္ဓာကိုယ်ကို သူ့ရဲ့လက်မောင်းတွေကြား ပွေ့လိုက်ပြီး သူ့သေလောက်တဲ့အထိ Ecliseက လည်မျိုကိုညှစ်လိုက်တယ်၊Markရဲ့အသက်ရှူကြပ်နေတဲ့မျက်လုံးတွေက ပြူးကျယ်နေခဲ့တယ်၊

'' Eclise... မင်းဘာလုပ်တာလဲ...တော်တော့...  ''

သူရဲကောင်းတွေက အ့ံဩမှုတွေနဲ့သူ့ကိုအော်ခေါ်နေပေမဲ့ Ecliseက တပြားသားမှမလျှော့ဘဲ ဒီတိုင်းရှိနေခဲ့တယ်၊ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်က ကျွန်တစ်ယောက်လည်ပင်းညှစ်တာကိုခံနေရတာကို မြင်နေပေမဲ့ ဘယ်သူကမှ ရှေ့ကနေရှိမနေပေးကြဘူး၊
အဲ့တာကငါ့ဆီကအမိန့်ဆိုပေမဲ့လည်း ကြီးမြတ်တဲ့ဘဝတစ်ခုက ကျွန်တစ်ယောက်ရဲ့လျစ်လျူရှူတာကိုခံနေရတယ်၊

'' အိုး...မဖြစ်ဘူး... ''

အချိန်အတောအတွင်း Markရဲ့လျှာက သူ့ရဲ့ပါးစပ်ကနေတွဲကျနေခဲ့တယ်၊သွားရည်တွေက မေးစိကိုဖြတ်ပြီးစီးကျနေပြန်တယ်၊ ညစ်ပတ်တဲ့အရည်တွေက လည်မျိုကိုညှစ်ထားတဲ့လက်မောင်းမှာ စိုရွှဲနေခဲ့ပေမဲ့ Ecliseက ပြောင်းလဲမှုမရှိဘူး၊

'' မင်းသမီး...ဒီလိုလုပ်လို့မဖြစ်ပါဘူး... ''

သူ့ရဲ့အသက်ရှူလို့မရဖြစ်နေတဲ့ လုပ်ဖော်ကိုင်ဖက်ကိုစောင့်ကြည့်နေခဲ့တဲ့ သူရဲကောင်းတစ်ယောက်က ငါ့ရဲ့ရှေ့မှာ ဒူးထောက်ကျသွားခဲ့တယ်၊

DITOEFVWhere stories live. Discover now