Chapter. 29(U&z)

1K 161 3
                                    

Unicode.

25%
Eclise ရဲ့interestကတခြားသူတွေထက်အမြင့်ဆုံးမှာရှိနေခဲ့တယ်၊ဒါပေမဲ့လည်း အဲ့အပေါ်စိတ်လှုပ်ရှားနေဖို့ကိုတစ်စုံတစ်ခုကပိတ်ဆို့ထားတယ်လို့ခံစားနေရတယ်၊

Derrickနဲ့ Rennald တို့ကအချိန်တစ်ခုစီမှာ 2-3%လောက်တိုးလာကြပေမဲ့ အများဆုံး5%လောက်ဘဲ၊ဒါပေမဲ့ Ecliseကငါနဲ့မတွေ့တာအတော်ကြာနေပြီ ၊သူ့ရဲ့interestကဆက်တိုက်တိုးနေခဲ့တယ်၊

' အလျှင်အမြန်တိုးတက်နေတဲ့အရာတစ်ခုကပြုတ်ကျဖို့လည်းမြန်တယ် '

ငါgameဆော့ခဲ့တဲ့အချိန်တွေကိုပြန်ကြည့်ရင် Hard moodမှာinterestတွေကမထင်မှတ်ထားတဲ့အပိုင်းတွေကြောင့် မကျခဏလျော့သွားလေ့ရှိတယ်၊
အဲ့တာကြောင့်လည်း ငါလွတ်မြောက်ဖို့်Ecliseပေါ်မှာလုံးဝကြီးမှီခိုလို့မရဘူး၊

'' ဘာမှမဖြစ်ခင်တခြားကိစ္စတွေလုပ်ဖို့ ငါသွားသင့်နေပြီ၊ ''

အေးစက်တဲ့မိုးရေတွေကိုခံစားနေရတယ်၊အဲ့တာကငါ့ရဲ့လက်မောင်းတွေပေါ်ကျလာခဲ့ပြီး ငါ့ရဲ့ခေါင်းကိုအေးသွားအောင်ကူညီပေးတယ်၊

'' ဟုတ်တယ်၊အဲ့တာကိုငါလုပ်ရမယ်၊
အဲ့တာကအခုလုံးဝမမျှော်လင့်ထားတာဘဲ အဲ့တာဆိုငါကြောက်နေစရာမလိုတော့ဘူး ''

ငါ့ကိုယ်ငါတည်ငြိမ်အောင်လုပ်လိုက်တယ်၊ငါ့ရဲ့ကမန်းကတမ်းအသက်ရှူသံတွေက တဖြည်းဖြည်းပြောင်းလဲပြီးတည်ငြိမ်လာခဲ့တယ်၊
မအီမသာဖြစ်နေတာကြောင့် လူကပါဖြူဖျော့လာခဲ့တယ်၊

''Emilyတစ်ယောက်မျက်လုံးပြူးသွားတော့မှာဘဲ ''

ငါကြည့်နေရင်း တစ်ခုခုအေးစက်လာတယ်လို့ခံစားနေရတယ် ပြီးတော့မှ ငါ့ရဲ့ပုခုံးတွေစိုရွှဲနေတာကိုမြင်လိုက်ရတယ်၊
ကျစ်...ငါစပြီးအေးလာတယ်လို့ခံစားနေရပြီး စိတ်ငြိမ်သွားတာကြောင့် ပင်ပန်းနေခဲ့တယ်၊တကယ်လို့ငါသာစံအိမ်ကိုအမြန်ပြန်မရောက်ဘူးဆိုရင်၊ အားနည်းနေတဲ့ Penelope ရဲ့ခန္ဓာကိုယ်ကမနက်ဖြန်ဆိုနေမကောင်းဖြစ်မယ်ဆိုတာသေချာတယ်

DITOEFVWhere stories live. Discover now