Chapter.39(U&Z)

878 151 3
                                    

Unicode.

' အာ '

အတွေးထံမှာနစ်မျောနေရင်း ကိုယ်တိုင်တေယင်သတိမထားမိပါဘဲ ဘယ်ဘက်လက်ကပတ္တ​​မြားလက်စွပ်ကိုအသာလေးပွတ်နေမိတယ်၊

''သခင်ကိုခွေးကပြန်ကိုက်တဲ့အခါ လည်ပတ်ကြိုးကိုဆွဲဆောင့်လိုက်ရမှာ ''

ဒါပေါ့လည်ပတ်ကြောင့် ခွေးကလည်ပင်းအစ်နေတဲ့အချိန်ဆို တောင့်မခံနိုင်ဘဲလိုက်လျောရတော့မှာဘဲလေ၊

'' ငါကျော်လွှားနိုင်ပြီထင်နေတာ ဒါပေမဲ့ဘာလို့တစ်ခုခုလိုနေတယ်လို့ခံစားနေရတာလဲ ''

ငါရဲ့မကောင်းတဲ့အတွေးတွေကို ခေါင်းထဲကနေခါထုတ်လိုက်ပြီး တခြားတစ်ယောက်ဆီသွားလိုက်တယ်၊

'' Vinter Verdandi ''

သူကInterest တွေထိုးဆင်းသွားတဲ့ကြောက်လန့်မှုကိုခံစားရစေတဲ့ပထမဆုံးဇာတ်ကောင်ပဲ၊ ငါထပ်ပြီးနောက်လှည့်မကြည့်ဖို့ဆုံးဖြတ်ထားပေမဲ့ 15% ဆိုတဲ့သကေ်တလေးကိုမြင်လိုက်တဲ့အခါ ငါနည်းနည်းစိုးရိမ်မိခဲ့တယ်၊

Vinterရဲ့အကြီးမားဆုံးအားနည်းချက်က ဇာတ်လိုက်မနဲ့မြန်မြန်ဆက်သွယ်နေတဲ့သူဖြစ်နေပေမဲ့လည်း သူကအကျိုးအများဆုံးလူငါးယောက်ထဲမှာထိပ်ဆုံးတစ်ယောက်ဖြစ်နေခဲ့တယ်၊
စာရွက်ရဲ့ထိပ်ပိုင်းကို တဆတ်ဆတ်မြည်အောင်မင်တံနဲ့ခေါက်နေတဲ့ အရှိန်ကပိုပြီးမြန်လာခဲ့တယ်၊

'' ဟား ''

ငါဆုံးဖြတ်ချက်ရှင်းရှင်းလင်းလင်းမဆုံးဖြတ်ရသေးဘဲ မင်တံကိုလေထဲကိုပစ်လိုက်တယ်၊

'' ဘာလို့လွယ်ကူတဲ့လမ်းကြောင်းရှိမနေရတာလဲ ''

အဲ့နောက်မှာတော့ ဒေါက်...ဒေါက်...ဆိုတဲ့အသံကတံခါးကနေထွက်လာခဲ့တယ်၊ငါတော်တော်လေးလှုပ်လှုပ်ရှားရှားဖြစ်သွားရတယ် ဘာလို့ဆို ငါကတခြားသူတွေမသိသင့်တဲ့အရာတွေကို ချရေးထားမိလို့ပဲ...ဒါပေမဲ့လည်း မတေယ်တဆငါ့ရဲ့အသံကိုဆွဲပြီးထုတ်ပြောမိလိုက်တယ်၊

'' ဘယ်သူလဲ ''

'' Pennel ပါသခင်မလေး ''

အဲ့တာကအိမ်တော်ထိန်းဘဲ...

'' ခဏ​ေစာင့်ဦး ''

ငါသွားပေါ်အောင်ပြုံးလိုက်ရင်း စာရွက်တွေကစားပွဲရဲ့အံဆွဲထဲက ထောင့်အကျဆုံးနေရာမှာထည့်ထားလိုက်တယ်၊ငါကိုင်ထားတဲ့မင်တံကို အောက်ချပြီးတဲ့အချိန်မှ သူ့ကိုဝင်ဖို့ခွင့်ပြုလိုက်တယ်၊

DITOEFVWhere stories live. Discover now