Chapter.69(U&Z)

764 133 2
                                    

Unicode.

'' ဘာ... ''

ငါအလန့်တကြားခေါင်းကိုလှန်ကြည့်လိုက်တယ်၊ရွှေရောင်ဆံနွယ်တွေက နေ့အလင်းထဲမှာ ရွှန်းစိုတောက်ပနေခဲ့တယ်၊

'' အိုးး ဒါက အဆောင်တစ်ခုပဲ... ''

သူနဲ့ပတ်သတ်ပြီးနည်းနည်းတောင် မစဥ်းစားဖူးတဲ့လူတစ်ယောက်က သူနဲ့မဆိုင်တဲ့ သူများရဲ့လက်ဆောင်ဘူးကို ဖွင့်ပြီးဂုဏ်ဆာနေခဲ့တယ်

'' မင်းက ကိုယ်တော့်ရဲ့ဆံပင်အရောင်လို ပြင်ဆင်လာတာပဲ... ''

အိမ်ရှေ့စံက ကာကွယ်ရေးမှော်ထည့်သွင်းထားတဲ့ မှော်အ​ဆောင်ကိုကြည့်ပြီး ပါးစပ်ကနေခနဲ့တဲ့တဲ့ပြောနေခဲ့တယ်၊

' သောက်ကျိုးနည်း သူဘာစကားတွေပြောနေတာလဲ... '

ငါသူ့ကိုစိုက်ကြည့်နေရင်း နှုတ်ခမ်းကိုမဲ့ရွဲ့ပြီး မျက်မှောင်ကိုပါကြုတ်လိုက်တယ်၊

'' ကျေးဇူးပြုပြီး ပြန်ပေးပါ... ''

ငါလက်ဆောင်ဘူးကို ပြန်ယူဖို့ကြိုးစားလိုက်တယ်၊ဒါပေမဲ့တစ်ချိန်တည်းမှာပဲ သူ့ရဲ့လက်ကိုနောက်ကိုလှန်ချလိုက်တယ်၊အဲ့တာကိုမှီဖို့က အတော်လေးမြင့်တဲ့အမြင့်ကိုရောက်သွားခဲ့တယ်၊

' အားးး ဒီသောက်ခွေးကတော့... '

ေခြထောက်ကိုခုန်စွခုန်စွနဲ့ သူ့ဆီကလက်ဆောင်ဘူးကို လုယူဖို့ကြိုးစားလိုက်တယ်၊ဒါပေမဲ့ သူ့ဆီကလုယူလိုက်တာနဲ့ သူကသူ့ရဲ့လက်ကိုမြှောက်ပစ်လိုက်တယ်၊

ငါအကြိမ်များစွာကြာအောင် ကြိုးစားခဲ့ပေမဲ့ သူ့ရဲ့မြင့်မားတဲ့အရပ်ကြီးကို မမှီနိုင်ခဲ့ဘူး၊ငါတစ်ချိန်လုံးအဲ့နေရာမှာပဲခုန်နေရတယ်၊

'' မင်းက ကလေးလိုခုန်စွခုန်စွလုပ်နေတာပဲ ''

ရုတ်တရက်...လေပြေလေးတစ်ခုက ​​နံ​ေဘးကနေထွက်ပေါ်လာခဲ့ပြီး ငါ့ရဲ့နှာဖူးကိုလာရောက်ကျီစယ်နေတယ်၊ငါလက်ဆောင်ဘူးလုနေတာကို ရပ်လိုက်ပြီး အိမ်ရှေ့စံကို ပြန်လှည့်ကြည့်လိုက်တယ်၊

'' အရှင့်သား၊ဘာလုပ်တာပါလဲ... ''

'' ဒါကကိုယ်တော့်ဟာ မဟုတ်ဘူးလား၊မင်းဘာလို့ဝန်ခံရမှာကို ရှက်နေရတာလဲ ''

DITOEFVWhere stories live. Discover now