Chapter.48(U&Z)

832 153 1
                                    

Unicode.

ဂရုတစိုက်အကဲမခတ်မိဘဲ အနည်းငယ်ပြောင်းလဲသွားကာမှ သတိထားမိလိုက်တာကြောင့် ငါအ့ံအားသင့်သွားခဲ့တယ်၊

' Ecliseကအသက်ဘယ်လောက်လဲ '

သူ့ရဲ့မျက်နှာကိုကြည့်ရုံနဲ့ သူကငယ်ရွယ်ပြီး ရိုးစင်းတဲ့ကောင်လေးနဲ့တူနေတယ်၊ ဂိမ်းပြီးသွားပြီလို့ငါထင်မိတယ်၊ငါဇာတ်ကောင်တွေရဲ့ကိုယ်ရေးအကျဥ်းကို မမှတ်ထားတာကြောင့် သူ့ရဲ့အသက်ကိုအလွယ်တကူမသိနိုင်ဘူး၊ဒါပေမဲ့ Normal moodမှာကဇာတ်လိုက်မပြန်လာပြီးနောက် ဇာတ်ကြောင်းပြီးဖို့ တစ်နှစ်လောက်ကြာခဲ့တယ်၊ ပြီးတော့ဇာတ်လမ်းအဆုံးမှာ အသက်ပြည့်အခမ်းအနားပြီးတဲ့နောက် Ecliseကဇာတ်လိုက်မကိုလက်ထပ်ခဲ့တယ်၊ဒီဂိမ်းထဲမှာက အရွယ်ရောက်တယ်ဆိုတာ သူတို့ရဲ့ ၁၈နှစ်ပြည့်မွေးနေ့ပြီးသွားတဲ့အချိန်ပါပဲ၊

အခု Eclise က...

' ဒါဆို နင်ကအနည်းဆုံး၁၇နှစ် လို့ဆိုလိုတာပေါ့ '

မူလကတည်းက ငါကအသက်၂၀ရှိနေပြီ၊ဒါကြောင့်ငါက ငယ်ရွယ်တဲ့စိတ်ဝိဉာဥ်နောက်ကိုလိုက်နေခဲ့တယ်၊

' ဒါပေမဲ့ ဘာလို့ငါကသွေးဆောင်ခံရတဲ့ပုံဖြစ်နေရတာလဲ '

အဲ့နောက်ငါ နီ​​မြန်းတာ​ေပျာက်လုနီးပါးဖြစ်နေတဲ့Eclise ကိုနီးနီးကပ်ကပ်ကြည့်လိုက်တယ်၊

'' သခင်မလေး... ကျနော်တို့ရောက်ပါပြီ ''

ရထားလုံးကရပ်သွားခဲ့တယ်၊အနိုင်ကျင့်ခံနေရတဲ့ ကျွန်လေးကို ဆုပေးရမဲ့အချိန်ဘဲ၊

'' ကြိုဆိုပါတယ် ''

Eckart အိမ်တော်ပိုင် အမှတ်အသားကိုတွေ့တာနဲ့ လက်ထောက်ဝန်ထမ်းက ခုန်ဆွခုန်ဆွနဲ့ ဝင်ပေါက်ကနေ၉၀ဒီဂရီအရိုသေပေးလာခဲ့တယ်၊

'' အင်ပါယာမှာ အကောင်းဆုံးမှော်ဓားတွေကိုရောင်းတာ ဒီနေရာလား...  ''

'' ဟုတ်ပါတယ်...သခင်မလေး...ကျနော်တို့ဆိုင်က အကောင်းဆုံးမှော်လက်နက်တွေရော ဓားတွေပါရောင်းပါတယ် ခင်ဗျ...ကျနော့်ကိုသာပြောပါ.. ''

'' Eclise...ငါနဲ့အထဲလိုက်ခဲ့... ''

ရထားလုံးနားမတ်တပ်ရပ်နေရင်း သူ့ကိုခေါ်လိုက်တယ်၊သူကငါနဲ့အထဲကိုမလိုက်ဖို့ဆုံးဖြတ်ထားသလိုမျိုး တွန့်ဆုတ်နေခဲ့တယ်၊

DITOEFVWhere stories live. Discover now