Chapter.72

663 113 2
                                    

Unicode.

'' ဟမ်း..ဟား ''

ငါအနားကတံတွေးမျိုချသံကိုပါကြားနေရတယ်၊​ြဖစ်နို်င်တာက အရူးနဲ့တူနေတဲ့မနှစ်ကသူနဲ့ ကွဲပြားနေတာကြောင့်ဖြစ်မယ်၊

'' သူတို့ကိုသွားခေါ်လိုက်လို့ ငါပြောနေတယ်လေ ဟမ် '' 

ဘယ်အစေခံကမှ အစောင့်တွေကိုသွားမခေါ်ကြပဲ မျက်လုံးမျက်ဆံပြူးပြာနေရုံကလွဲလို့ လှုပ်တောင်မလှုပ်ရှားကြဘူး၊တောအုပ်လေးကအသက်ရှူသံတောင်မကြားရပဲ တိတ်ဆိတ်နေခဲ့တယ်၊

အာ...မောင်းခလုတ်ကိုထိကိုင်ထားတဲ့ငါ့ရဲ့လက်ချောင်းတွေရဲ့အသံက ညီးငွေ့ဖွယ်ကောင်းလွန်းလှတယ်၊

'' မင်း...မင်းသမီး... ဒီလိုလုပ်နေရင်... ''

Lady Kellinရဲ့ခေါ်သံကအဆောတလျင်နိုင်လွန်းတယ်၊

' Dukeရဲ့ခွေးရူးကလူတွေကိုတကယ်ကြီးပစ်ဖို့ကြိုးစားနေတာပဲ '

အခုမှပုံမှန်ပြန်ဖြစ်သွားတယ်လို့ခံစားနေရတယ်၊
ပြီးတော့ တည်ငြိမ်မှုအဆုံးစွန်ရောက်သွားပြီဖြစ်တဲ့ ဆံပြာမရဲ့မျက်လုံးတွေက အရိုင်းဆန်ဆန်လှုပ်ရှားနေပြီး ကြောက်ရွံမှုကြောင့်ချွေးတွေစိုနစ်နေခဲ့တယ်၊

အဲ့နောက် လျှပ်တပြက်..၊ဘယ်သူပဲကြားကြားပြသနာမရှိတာမို့ ဒူးလေးမောင်းသံကိုအကျယ်ကြီးဖြစ်အောင်ဆွဲတင်လိုက်တယ်၊

'' ဟမ် ''

Lady Kellinအပါအဝင် အမျိုးသမီးတွေရဲ့မောက်မာတဲ့မျက်နှာတွေအကုန် မျက်လုံးမှိတ်သွားကြတယ်၊

'' ဘမ်းးး ''

ငါသေနတ်သံအတိုင်းအသံတုလုပ်ပြီးအော်လိုက်တယ်၊သာမာန်ပဲပုတီးစေ့လည်းမပါသလို ပစ်လိုက်လဲမပစ်လိုက်ဘူး၊

'' စတာပါရှင် ''

ငါပြုံးစိစိနဲ့ရယ်ပြပြီးချိန်ထားတဲ့ဒူးလေးကိုအောက်ကိုချလိုက်တယ်၊

'' အစ် ''

ဆန့်ကျင်ဘက်မှာထိုင်နေတဲ့ Lady Aris ကကြို့ထိုးသံထွက်လာခဲ့တယ်၊
အဲ့မတိုင်ခင်တုန်းက အထင်သေးလှောင်ပြောင်ပြီးမောက်မာနေကြတဲ့မျက်နှာတွေက ကြောက်ရွံမှုကြောင့်ဖြူဖျော့နေကြတယ်၊

DITOEFVWhere stories live. Discover now