Chapter.30( U & Z)

1K 156 2
                                    

Unicode....

'' ဘာ...ဘာလဲဟ..''

တအံတသြနဲ့မျက်လုံးဖွင့်ပြီးကြည့်လိုက်ပေမဲ့ ပြင်းထန်တဲ့လေကြောင့် မျက်လုံးနာလာတာမလို့ မတက်သာဘဲ​ြပ​န်မှိတ်လိုက်ရတယ်၊

ဝူး~~~ငါ့ရဲ့ဆံပင်တွေလှုပ်ယမ်းသွားပြီး ငါ့ရဲ့မျက်နှာပေါ်မှာရှူပ်ထွေးကုန်တော့တယ်၊

'' အာ ''

အချိန်ခဏလေး ပါပဲ၊ ပြင်းပြင်းထန်ထန်တိုက်နေတဲ့လေကရုတ်တရက်တိုက်နေရာကနေ ရုတ်တရက်ငြိမ်သွား ခဲ့တယ်၊ ဖြစ်ပျက်သွားတာတွေကဘယ်သူမှမယုံနိုင်လောက်အောင် လုံးဝငြိမ်သက်သွားတယ်၊ဖြည်းဖြည်းချင်းငါခေါင်းကိုမော့လိုက်တယ်၊

'' ဘာကြီးလဲ ''

'' ခယူ ~ ''

အဲ့အချိန်မှာဘဲထူးဆန်းတဲ့ အော်သံတစ်ခုကိုကြားလိုက်ရတယ်၊မှင်သက်သွားခဲ့ပြီး အသံလာရာနေရာကိုလှည့်ကြည့်လိုက်တယ်၊
ငါဝတ်ထားတဲ့ဝတ်စုံရဲ့အပေါ်မှာ...
အမွှေးပွဘောလုံးလေး...

'' ခယူ ~ ''

မဟုတ်ဘူး.....ယုန်တစ်ကောင်ပဲ

'' ဒါ...ဘာ... ''

ဒီမထင်မှတ်ထားတဲ့အခြေနေကြောင့် ငါ့ရဲ့စကားတွေက်ုဆက်မပြောနိုင်တော့ဘူး၊လေပြင်းတိုက်ပြီး ငါ့အခန်းထဲယုန်တစ်ကောင်ပေါ်လာတယ်၊

အရာဝတ္တုတစ်ခုများလားလို့ ငါ့ရဲ့မျက်လုံးကိုပွတ်ပြီးကြည့်ပေမဲ့ ငါ့ရဲ့ရှေ့မှာအဖြူရေယင်ယုန်သေးသေးလေးတစ်ကောင်ကိုမြင်နေရတုန်းဘဲ၊

'' ခယူ~ခယူ ~ ''

ယုန်လေးက လူတစ်ယောက်လိုမျိုး သူ့ရဲ့ခေါင်းကိုစောင်းပြီးကြည့်နေခဲ့တယ်၊အဲ့နောက် သူကခုန်ဆွခုန်ဆွနဲ့ငါ့ဆီပြေးလာခဲ့တယ်၊ခဏအတွင်းမှာဘဲ မွှေးပွဘောလုံးအဖြူလေးကငါ့ရဲ့ခြေထောက်ပေါ်ရောက်လာခဲ့တယ်၊

'' ဟား...မင်းကဘယ်ကလာတာလဲ...ဒါကဒတိယအထပ်နော် ''

'' ခယူ ~ ''

'' မင်းကလေနဲ့ပါလာစရာအကြောင်းမှမရှိတာ ''

ယုန်လေးက မျက်လုံးလေးပေကလပ်ပေကလပ်နဲ့ ခေါင်းကိုစောင်းပြီးကြည့်နေခဲ့တယ်၊

DITOEFVWhere stories live. Discover now