Chapter.59(U&Z)

757 132 2
                                    

Unicode.

ရထားလုံးထဲကိုတစ်ယောက်ယောက်က ရေအေးတွေလောင်းသွားသလို အေးစက်စက်ငြိမ်သက်မှုကြီးဖြစ်သွားခဲ့တယ်၊

' ဟာဟ...ငါတော့သောက်ကျိုးနည်းပြီပဲ၊သောက်ကျိုးတော့နည်းပြီ... '

ငါစိတ်လွတ်သွားသလိုမျိုး ဒီတိုင်းရယ်နေမိတယ်၊

'' Penelope ကအဖေ့ကိုပေးတာလား ''

Derrick ကအသံတိုးတိုးနဲ့မေးလိုက်တယ်၊တချို့သောအကြောင်းရင်းတွေကြောင့် သူ့ရဲ့ဒေါသသံကိုကြားတာနဲ့တင် တုန်ယင်နေမိတယ်၊

သေချာသတိမထားမိတဲ့ Dukeက ပြုံးပြုံးကြီးနဲ့ ကြမ်းပြင်ထိရောက်အောင်ဆေးတွေတိုးပေးလိုက်သလိုပဲ

'' အဟမ်း...အဟမ်း...မင်းတို့တွေကောင်းကောင်းဆက်ဆံပေးရင်တောင် မင်းတို့ကအမျိုးသမီးတွေကြားမှာပေါ်ပြူလာဖြစ်လာမှာမဟုတ်ဘူး၊မင်းတို့ရဲ့ပင်ကိုစရိုက်ကြောင့်လေ...ဟားဟားဟား... ''

'' သူလား ''

Rennald ကပါစိတ်ကောင်းဝင်နေပြီး ရယ်မောနေပြန်တယ်၊

အဲ့အချိန်မှာပဲ Dukeကိုတိတ်တဆိတ်ကြည့်နေတဲ့ Derrickကငါ့ဘက်ကိုလှည့်လာခဲ့တယ်၊
အမည်မသိတဲ့ခံစားချက်တွေက အပြာရောင်မျက်ဝန်းတွေထဲမှာ တုန်လှုပ်နေခဲ့တယ်၊

'' မင်း....ငါ့ကို.... ''

သူကထိန်းချုပ်ထားတဲ့အသံနဲ့တစ်ခုခုပြောဖို့ကြိုးစားနေပေမဲ့ ပါးစပ်ကိုပြန်ပိတ်သွားပြီး တခြားတစ်ဖက်ကိုလှည့်လိုက်တယ်၊ပြီးတော့...

Interest.-1% ( Interest.26% )

' ဟေး...လာစမ်းပါ၊ငါကဘာလို့သူ့ကို အဆောင်ပေးရမှာလဲ '

Hard Mood ရဲ့Interestတွေအကျမြန်တာကို မကျေမနပ်ဖြစ်နေမိတယ်...

***********

ရထားလုံးက နန်းတော်နဲ့သိသိသာသာဖြည်းဖြည်းချင်းနီးကပ်လာခဲ့တယ်၊ငါပြတင်းအပြင်ဘက်ကိုလှမ်းကြည့်လိုက်တဲ့အခါ ဝင်ပေါက်ရဲ့အနောက်ဘက်နေရာမှာ ရထားလုံးတွေစီတန်းနေတာကိုတွေ့လိုက်ရတယ်၊

'' ဘာလို့အဲ့လောက်တောင်ကြာရတာလဲ ''

နောက်ဆုံးကပွဲမှာတုန်းက ကြန့်ကြာမနေဘဲမြန်မြန်ဖြတ်သွားလို့ရခဲ့တာကြောင့် ငါစူးစမ်းနေမိ်တယ်၊

DITOEFVWhere stories live. Discover now